လက်ရှိမြန်မာနိုင်ငံတွင်အသုံးပြုပြေးဆွဲလျက်ရှိသောမြန်မာ့မီးရထား(မြို့ပတ်)လုပ်ငန်းအားBOTစနစ်ဖြင့်ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံ Jaca အဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၄ရက်က လာရောက် ကြည့်ရှု သွားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍မြန်မာ့မီးရထားလုပ်ငန်းမှ BOT စနစ်ဖြင့်
လုပ်ကိုင်နိုင်ရန် လုပ်ငန်းဆိုင်ရာ အစည်းအဝေးများပြုလုပ်စဉ်းစားလျက်ရှိပြီးယင်းအစည်းအဝေးမှအဖြေထွက်ရှိလာမှသာ
မြန်မာ့မီးရထားလုပ်ငန်း (မြို့ပတ်)အား BOT စနစ်ဖြင့်
လုပ်ကိုင်ခွင့်ရှိမရှိသိရှိရမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ ဂျပန်နိုင်ငံ Jaca မှတာဝန်ရှိသူများ လာရောက်ကြည့်ရှု သွားသည်နှင့် ပတ်သက်၍ မြန်မာ့ မီးရထားမှတာဝန်ရှိသူတစ်ဦးကပြောကြားရာတွင်““ဦးတို့အနေနဲ့တိတိကျကျ တော့မသိသေးဘူး။သူတို့ကတော့ ဟိုကြည့်၊ဒီကြည့်လုပ်သွားတာပဲ ရှိသေးတယ်။ဦးတို့အနေနဲ့ပြောလို့ မရသေးဘူး””ဟု ဖြေကြားခဲ့သည်။

No comments:
Post a Comment