Friday, January 11, 2013

ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့

Photo: ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့
Thursday, January 10, 2013

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်းအဖွဲ့
၂၃ ဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင်
ပေးပို့လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ
ပြင်းထန်လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သတ်၍ 
တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ပထမဆုံးအနေနဲ့ ကျမတို့ ပို့လိုက်တဲ့စာအပေါ်မှာ သူ ဘယ်လို တစုံတရာ သုံးသပ်ချက် ပေးချင်တယ်ဆိုတာ သိချင်တယ်။ ခုချိန် ကြောက်စရာ၊
စိုးရိမ်စရာ ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပြီ။ အစိုးရတွေကို သူ့အနေနဲ့ ပြောပေးနိုင်ဖို့မျှော်လင့်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ
က ပြောသည်။

ကချင်စစ်ပြေး ဒုက္ခသည်များ၏ မလုံခြုံမှု ပိုဆိုးရွားလာသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ဘယ်သို့ထင်မြင်ကာ
ဘယ်လို စိတ်ကူး လုပ်ဆောင်ချက်များ ရှိနေသလဲဆိုတာ သိနိုင်ရရန် မျှော်လင့်ကြောင်း ဒေါ်မွန်းနေလီ က ပြောသည်။

“သူ့ ရင်ထဲမှာ ဘာရှိနေတယ် ဆိုတဲ့ဟာကို ကျမတို့ ကချင်အဖွဲ့တွေ
အနေနဲ့ မျှော်လင့်ပြီး စာပြန်ပို့တာပါ” ဟု မဇ္စျိမကိုပြောသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် 
အား တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်သို့ စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန် ကချင်ပူးပေါင်းအဖွဲ့မှ ဖိတ်ခေါ်သည့် အိတ်ဖွင့်ပေးစာအပေါ် တုန့်ပြန်လာခြင်း မရှိသေး၍ ထပ်မံ ပေးပို့လိုက်ခြင်းဖြစ်သည် ဟုသိရသည်။

မျှော်လင့်ချက်ဖြင့် အိတ်ဖွင့်စာပို့ခဲ့သော်လည်း ၅ လကျော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှု မရှိသည့်အပေါ် အားမလို အားမရ ဖြစ်ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များသမဂ္ဂ(AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

“ဒီ ၅ လ အတောအတွင်း IDP အခြေအနေ ပိုဆိုးလာတယ်။ တိုက်လေယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ တိုက်လာတယ်ဆိုတော့ ပိုဆိုးလာတဲ့ အခြေအနေ
ဖြစ်တယ်။ ခုအခြေအနေ လက်တွေ့ပိုင်းမှာ တစုံတရာ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ ပြောဆိုမှုတွေ လိုအပ်တယ်။ ဒီအချိန်က အရေးပေါ် အခြေအနေ ဖြစ်နေပြီ” ဟု မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တနှစ်ကျော် ကြာလာသော်လည်း KIO နှင့်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ်ဆွေးနွေးမှု
မရှိသဖြင့် ယခု အခြေအနေတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေလိုပြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် အနေဖြင့် ငြိမ်းချမ်းရေးအတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်
နိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ကိုနော်ဆန့် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာစစ်တပ်နှင့် KIO တို့အကြား
ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ 
အစိုးရဘက်မှ ၎င်းထံ တရားဝင် ကမ်းလှမ်းရန် လိုအပ်သည်ဟု ဇန်နဝါရီလလ ၆ ရက်နေ့က ပြောဆိုထားသည်။

ဖနိဒါ 
မဇ္စျိမတရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်းအဖွဲ့ ၂၃ဖွဲ့က
  ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင်ပေးပို့လိုက် 
သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ 
ပြင်းထန် လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သတ်၍
တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာ ကို ပေးပို့ လိုက်ခြင်း ဖြစ်သည်။ “ပထမဆုံးအနေနဲ့ ကျမတို့ ပို့လိုက်တဲ့စာအပေါ်မှာ သူ ဘယ်လို တစုံတရာ သုံးသပ်ချက် ပေးချင်တယ်ဆိုတာ သိချင်တယ်။ ခုချိန် ကြောက်စရာ၊စိုးရိမ်စရာ ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပြီ။ အစိုးရတွေကို သူ့အနေနဲ့ ပြောပေးနိုင်ဖို့မျှော်လင့်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

ကချင်စစ်ပြေး ဒုက္ခသည်များ၏ မလုံခြုံမှု ပိုဆိုးရွားလာသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ဘယ်သို့ထင်မြင်ကာဘယ်လို စိတ်ကူး လုပ်ဆောင်ချက်များ ရှိနေသလဲဆိုတာ သိနိုင်ရရန် မျှော် လင့်ကြောင်း ဒေါ်မွန်းနေလီ က ပြောသည်။ “သူ့ ရင်ထဲမှာ ဘာရှိနေတယ် ဆိုတဲ့ဟာကို ကျမတို့ ကချင်အဖွဲ့တွေအနေနဲ့ မျှော်လင့်ပြီး စာပြန်ပို့တာပါ” ဟု မဇ္စျိမကိုပြောသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အား တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်သို့ စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန် ကချင်ပူးပေါင်း အဖွဲ့မှ ဖိတ်ခေါ်သည့် အိတ်ဖွင့်ပေးစာအပေါ် တုန့်ပြန်လာခြင်း မရှိသေး၍ ထပ်မံ ပေးပို့လိုက်ခြင်းဖြစ်သည် ဟုသိရသည်။

မျှော်လင့်ချက်ဖြင့် အိတ်ဖွင့်စာပို့ခဲ့သော်လည်း ၅ လကျော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှု မရှိသည့် အပေါ် အားမလို အားမရ ဖြစ်ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

“ဒီ ၅ လ အတောအတွင်း IDP အခြေအနေ ပိုဆိုးလာတယ်။ တိုက်လေယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ တိုက်လာတယ်ဆိုတော့ ပိုဆိုးလာတဲ့ အခြေအနေဖြစ်တယ်။ ခုအခြေအနေ လက်တွေ့ပိုင်းမှာ တစုံတရာ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ ပြောဆိုမှုတွေ လိုအပ်တယ်။ ဒီအချိန်က အရေးပေါ် အခြေ အနေ ဖြစ်နေပြီ” ဟု မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တနှစ်ကျော် ကြာလာသော်လည်း KIO နှင့်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ်ဆွေးနွေးမှုမရှိသဖြင့် ယခု အခြေအနေတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေလိုပြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် အနေဖြင့် ငြိမ်းချမ်းရေးအတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ကိုနော်ဆန့် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာစစ်တပ်နှင့် KIO တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ ၎င်းထံ တရားဝင် ကမ်းလှမ်းရန် လိုအပ်သည်ဟု ဇန်နဝါရီလလ ၆ ရက်နေ့က ပြောဆိုထားသည်။

1 comment:

သံလမ်းရိုးသား said...

ဦးသိန်းဇော်ခင်ဗျား-
KIA/KIOကချင်တို.နှင့် ငြိမ်းချမ်းရေးရယူဘို. လွှတ်တော်မှာ တင်ပြတာတွေ.ရလို. ကချင်ပြည်နယ.်နေတိုင်းရင်းသာများအားလုံးကိုယ်စား အထူးကျေးဇူးတင်ပါသည်။ သို.သော်လည်းအချိန်နဲနဲစောနေသေးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ KIA/KIOတို.သည် ကောက်ကျစ်၏ စဉ်းလည်း၏ ယုတ်မာ၏ ရက်စက်ကြမ်းကြုတ်၏ အခြားတိုင်းရင်းသားများကို စုဆောင်းရေးဆွဲ အတင်းအဓမ္မ ရှေ့.တန်းမှအသေခံ စစ်တိုက်ခိုင်း၏ မိန်းကလေးများကို စစ်သမီးလုပ်ခိုင်းပြိး အတင်းအဓမ္မမုဒိန်းကျင့်ကြ၏ လိမ်လည်လှည့်ဖျား၍လည်း မယားငယ်ပြုကြ၏ မူးယစ်ဆေးဝါးများဖြင့်လည်း လူထုကိုမှိုင်းတိုက်၍ စိတ်ဓါတ်ကိုဖျက်ဆိးပြိး အသေခံစစ်တိုက်ခိုင်း၏ ကချင်မဟုတ်သော အခြားတိုင်းရင်းသားများအား လုမျိုးရေးခွဲခြုားပြိး အနိုင်ကျင့်၏ ဘာသာ ရေးခွဲခြားမှုပြုပြိး ဗုဒ္ဓဘာသာ ဘုန်းတော်ကြိးများကိုလည်း
သတ်ဖြတ် ညှင်းပန်းနှိပ်စက်ကြ၏ ဘုရားစေတီတော်များကိုလည်းမိုင်းခွဲဖျက်ဆိးခဲ့ကြ၏ ၂၀၁၀စက်တင်ဘာလက တနိုင်းမြို.နယ် ရှင်ဗွေယံရွှေမှော်အနိးရှိ နန်ဖြူကျေးရွာအနိး ရှေးဟောင်းမိုးကောင်း မြို.ဟောင်းတွင်တည်ရှိသော ရှေးဟောင်း ရပ်တော်မူဆင်းတုတော်မြတ်ကြိးကို မိုင်းခွဲဖျက်ဆီးခဲ့၏ ရှမ်းနီသာသနာသမိုင်းများကို ဖျောက်ဖျက်ခဲ့၏ မဖေါ်ပြနိုင်လောက်အောင် ကမ်းကုန်အောင် မိုက်ရိုင်းယုတ်မာရက်စက်သော KIO/KIAတို.ကို နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေးယူခြင်းဖြင့် သက်ဆိုးမရှေသင့်တော့ပါ။ ၁၉၉၄တွင် ကချင်ပြည်နယ် တနယ်လုံးရှိ ရှမ်းအမျိုးသားများ အားလုံးနှင့် ဥယုမြစ်ရိုးတလျှောက်ရှိ တိုင်းလျှံ (ရှမ်းနီ)အမျိုးသားများပြည်သူ.စစ်သတင်တန်းများတက်ရောက်ပြိး ရှမ်းပြည်သူ.စစ်များ အာကောင်းလာပြိး ကချင်ပြည်နယ်တစ်ခုလုံး KIO/KIAကိုတော်လှန်ကြတော့မည့် အချိန်ကြမှ လူပါးဝပြိး နိုင်ငံတော်နှင့် အမြန်ငြိမ်းချမ်းရေးယူခဲ့ပြိး ယခုလိုစစ်အင်အားကို ၅၀၀၀၀မှ၁၀၀၀၀၀ကြားအရံအင်းအားပါ အပါအ၀င် ကြိးမားစွာတည်ဆောက်ပြိးမှ
ယခုလိုနိုင်ငံတော်အစိုးရကိုတောင်အန်တုစိမ်ခေါ်တိုက်ခိုက်ခဲ့၍ ကချင်ပြည်နယ်တခုလုံး ကြေမွပျက်စီးအောင်အနိုင်ကျင်. ဖျက်ဆိးခံနေကြရခြင်း ဖြစ်ပါသည်။ ဒါကြောင့်KIO/KIAတို.ကို နောက်ထပ်အခွင့်အရေးမပေးသင့်တော့ပါ။ ပြည်သူလူထုအင်မတန်နစ်နာလွန်းနေပါကြောင်း ပြောကြားလိုပါသည။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လက်ရှောင်နေသင့်ပါသည် ။ ငြိမ်းချမ်းရေးရယူဘို. အချန်စောလွန်းပါသေးသည်ဟုပြောကြားလိုပါသည်။