Thursday, March 28, 2013

ပုဒ်မ ၁၈၈ကြောင့် ညပိုင်းတက္ကစီမောင်းနှင်သူများ အခက်တွေ့

Tuesday, March 26, 2013
ရန်ကုန်မြို့ တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ည ၉နာရီမှ မနက် ၅နာရီအထိ ဆိုင်ခန်းများ မဖွင့်ရ ဟု ကြေ ညာချက် ထုတ်ပြန်လိုက်သဖြင့် ညပိုင်းတက္က စီ မောင်းနှင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။ “မနေ့ညက ပုဒ်မ၁၈၈ ထုတ်လိုက်ပြီး ည ၉နာရီကနေ မနက် ၅နာရီအထိ ဆိုင်တွေမဖွင့်ဖို့ အမိန့်ထုတ်လိုက်တော့ လမ်းပေါ်မှာ လူသွားလူလာ နည်းသွားတယ်။ ကျွန်တော်တို့က ညပိုင်းမောင်း တာဆိုတော့ ညနေ ၆နာရီလောက်ကမှ စမောင်း ရတာ။ အခု တက္ကစီတွေ များလာလို့ အရင်တည်း က မောင်းရတာ အဆင် မပြေတာ အခု အမိန့် ထုတ်လိုက်တော့ လူတွေက သိပ်မထွက် တော့ဘူး” ဟု ညပိုင်း တက္ကစီမောင်းသူ ဦးကျော်မောင်က ပြောကြားသည်။

မိတ္ထီလာမြို့ တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ တွင် လူမျိုးရေး ဘာသာရေးနှင့် သတ် ဆိုင်သော ကောလဟာလများစွာ ထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခများ မဖြစ်ပွားစေရန် ထိန်းသိမ်းသည့် အနေဖြင့် မတ်လ ၂၅ရက်နေ့တွင် ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။

“အရင်ဆို ညပိုင်း လက်ဘက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့ ဖွင့်တာတွေရှိတယ်။ မနေ့ညကတော့ ဆိုင်တွေက ၉နာရီမထိုးခင်ကတည်းက ပိတ်တဲ့သူတွေကလည်း ပိတ်ကျတယ်။ ညပိုင်းအရင်ဆို လူငယ်နဲ့ လူလတ်ပိုင်းတွေ ထွက်ကျတာရှိပေမယ့် မနေ့ညကတော့ လမ်းပေါ်မှာ လူတော်တော်နည်းတယ် ပုဒ်မ ၁၄၄ ထုတ်တာမဟုတ်ပေမယ့် လူတွေက ကောလဟာလတွေကြားပြီး အပြင် သိပ်မထွက်ကြတော့ဘူး” ဟု ညပိုင်း တက္ကစီမောင်းသူ ဦးကျော်မောင်က ထည့်သွင်းပြောကြားသည်။



မိတ္ထီလာတွင် ပဋိပက္ခများ စတင်ဖြစ်ပေါ်သည့် ရက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့တွင် ညပိုင်းမောင်းနှင်သော တက္ကစီများနှင့် ကိုယ်ပိုင်ကားများကို စစ်ဆေးသည့် နေရာများလည်းတိုးကာ လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်မှုများကို တွေ့ရကြောင်းကို “ စပလိုင်းချက်တွေ နေရာ အသစ်တွေမှာ စစ်တာတွေ့ရတယ်။ အရင် ရှိနေကြ နေရာတွေအပြင် တခြားမြို့နယ် တော်တော် များများမှာလည်း စစ်ဆေးရေး အဖွဲ့တွေ တိုးပြီးချထားတယ်။ လိုင်စင်တွေ ၀ှီးတက်တွေ မမေ့အောင် သတိထားပြီး ယူနေရတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သော တက္ကစီမောင်းနှင်သူ ကို ဇော်မိုးက ပြောကြားသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သဖြင့် ညပိုင်း အပြင်ထွက်သူများ လျော့ကျ သွားကြောင်း၊ ညပိုင်းတက္က စီမောင်းသူများမှာ ညနေ ၆ နာရီခန့်မှစတင်ပြီးမောင်းရပြီး ၉နာရီကျော်ပါက လူများအပြင် သိပ်မ ထွက်တော့သဖြင့် ညနေ ၆နာရီမှ ည ၉နာရီ အတွင်းမောင်းချိန် ၃နာရီသာ ရရှိကြောင်း၊ ထိုအချိန် သုံးနာရီမှာ ကားအုံနာဖိုးကျော်ရုံသာ ရှာလို့ရသဖြင့် တက္ကစီ မောင်းသူများအတွက် အခက်အခဲရှိကြောင်း၊ ယင်းအပြင် တက္ကစီသမားများ ကိုယ်တိုင်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် ခရီးသည် ကိုသေချာရွေးပြီးမှသာကားအငှားလိုက်နေရကြောင်း သိရသည်။

ဆုဝေ
The Myanma Age

No comments: