Tuesday, March 26, 2013
မတ်လ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီမှ စတင်၍ ရန်ကုန် တိုင်းအစိုးရ အဖွဲ့မှ နိုင်ငံရေးပါတီ ၂၉ ပါတီနှင့်တွေ့ ဆုံရာတွင် သတင်းမီဒီယာများ အား ဖိတ်ကြားထားခြင်း မရှိသည့် အတွက် ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး ၏ ဂိပ်ပေါက်ဝ (၄)၌ စောင့် ဆိုင်းနေရကြောင်း သိရသည်။ "သတင်း သမားတွေက သတင်းကြားရင်တော့ သတင်းရှိတဲ့ နေရာကို လာမှာပဲ။ အစိုးရအဖွဲ့အနေ နဲ့ သေသေချာချာ သတင်း ထုတ်ပြန်ရင်လည်း တစ်မျိုးပေါ့။ အခုက သူတို့ချည်း အစည်းအဝေးလုပ် တာဆိုတော့ ပြီးသွားရင် သတင်းစာရှင်းလင်းပွဲလုပ် မယ်ထင်တယ်"ဟု အဆိုပါပွဲသို့ သတင်းလာယူ သည့် သတင်းသမားတစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲသို့ လာရောက်၍ သတင်းယူသူဦးရေ ၁၅ဦးခန့်ရှိပြီးယခုကဲ့သို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံခြင်း၏ အဓိကအကြောင်းအရင်းမှာ လက်ရှိ ရန်ကုန်မြို့၌ ပေါ်ထွက် လျက်ရှိသည့် ပြည်သူများအထိတ် တလန့်ဖြစ်နေရသည့် ကောလဟာလ သတင်းများနှင့် ပတ်သက် ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ
သည်။
TMA
The Myanma Age

No comments:
Post a Comment