Sunday, July 07, 2013

ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန် တက်ရောက်မည်ဟု ယုံကြည်ကြောင်း ရုရှားပြောကြား

Sunday, 07 July 2013 

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေသည် လစ်ဗျားနိုင်ငံ အရေးကဲ့သို့ ပြောင်းလဲ သွား မည်ကို ရုရှား အစိုးရက ဆန့်ကျင်ကြောင်း၊ ယင်းနိုင်ငံအရေးနှင့်စပ်လျဉ်း၍မကြာမီ ကျင်းပမည့် ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဆီးရီးယားမှ ကိုယ်စားလှယ်အဖွဲ့များ၊ အိမ်နီးချင်း နိုင်ငံများအပြင် အီရန်နိုင်ငံပါ တက်ရောက်မည်ဟု ယုံကြည်ကြောင်း ရုရှား အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဂျော်ဒန်၊ လက်ဘနွန်၊ ဆော်ဒီအာ ရေဗျ၊ ကာတာနှင့် အီရန် ကဲ့သို့သော ဆီးရီးယား နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသည် ဆီးရီးယား နိုင်ငံအတွင်းဖြစ်ပွားနေမှု များတွင် တိုက်ရိုက်ပါဝင် ပတ်သက်လျက် ရှိသည်ဟု ရုရှားနိုင်ငံ အနေဖြင့် ယူဆကြောင်း သတင်းကွန်ရက် တစ်ခု ဖြစ်သော Rusiyaal-Yaumနှင့် ဇူလိုင် ၅ ရက်က ကျင်းပသော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ရုရှား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဂန်နာဒီ ဂါတီလို့ဗ်က ပြောကြားခဲ့သည်။

သို့ရာတွင် အမေရိကန်၏ မဟာမိတ် နိုင်ငံ အချို့သည် ဆီးရီးယား အရေးကို ဖြေရှင်းရာတွင် အီရန်နိုင်ငံ၏ အရေးပါမှုကို ငြင်းဆိုလျက် ရှိပြီး ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အီရန် နိုင်ငံအား ဖိတ်ခေါ်မှုကို ဆန့်ကျင်လျက် ရှိသည့်အပြင် အီရန် နိုင်ငံ၏ ပါဝင်မှုသည် အကျိုး သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ပြောကြားလျက် ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ယင်းစွပ်စွဲချက် များကို ဆန့်ကျင်ကြောင်းနှင့် အီရန်နိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံများ ဂျီနီဗာ အစည်းအဝေးသို့ တက် ရောက်မှုသည် နိုင်ငံရေး အရ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေရေး အဆုံးအဖြတ် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဂါတီလို့ဗ်က ပြောကြားခဲ့သည်။

မြ၀တီ

No comments: