Tuesday, July 30, 2013
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွင် လျှပ်စစ်မီး ရရှိရန်ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား Clean Coal Technology ဖြင့် လျှပ်စစ်ဓာတ်အား ပေးသွားမည် ဖြစ်ကြောင်း ၂၇ ရက် ထားဝယ် ရေနက်ဆိပ်ကမ်း သတင်းစာ ရှင်းလင်းပွဲတွင် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းလွင်က ပြောကြားသည်။
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ ဦးသောင်းလွင်က''Clean Coal Technology နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို တည်ဆောက်သွားမှာ ၁၉၆၀ ပြည့်နှစ် လောက်တုန်းက ဂျပန်က စက်မှုဇုန်တွေက ဓာတ်အားပေးစက်ရုံတွေက ကျောက်မီးသွေးဆိုတော့ မီးခိုးတွေ အရမ်းထွက်တယ်။အခုဆိုရင် Clean Coal Technology ကို သုံးတဲ့အတွက် ကြောင့် ပြာတွေမထွက်တော့ဘူး။ ကျွန်တော်တို့က ဒီမှာလည်း အဲ့လိုနည်းပညာတွေကို အသုံးပြုသွားမှာ၊ ဂျပန်ကို ဖိတ်ခေါ်ရတာကလည်း Clean Technology ကို လိုချင်လို့ ဖိတ်ခေါ်ရတာဖြစ် ပါတယ်'' ဟု ပြောကြားသည်။
ဓာတ်အားပေး စက်ရုံမှာ အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ အနီးနား ပတ်ဝန်းကျင်အားပြာများမလွင့်နိုင် ကြောင်း၊ အန္တရာယ်ဖြစ်မည် ဆိုပါက စီမံကိန်းတွင် နေထိုင်နေသော တာဝန်ရှိသူများမှာ နေထိုင်နေမည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွင် သဘာဝဓာတ်ငွေ့သုံး ၃၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော LGN ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ၁၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော LGN ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အပြီးတည်ဆောက်ကာ မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်သော ကျောက်မီးသွေး ဓာတ် အားပေးစက်ရုံကို Clean Coal Technology ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျောက်မီးသွေး တွင်းများမှ ထွက်ရှိသော ပြာများကို ရှူရှိုက်မိသောကြောင့် ၂၀၀၄ ခုနှစ်တွင် လူ ၁၀၀၀ လျှင် ၆၉၆ ယောက်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားခဲ့ရကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၁၉၉၇ ခုနှစ်ထက် သုံးဆမြင့်တက်လာခဲ့ကြောင်း ထို့ပြင် ကလေးအသေ မွေးနှုန်းအနေဖြင့် လူ ၁၀၀၀ လျှင် ၁၆၃ ဦးထိ တိုးလာခဲ့ကြောင်း ၂၀၀၇ ခုနှစ်တွင် သွေးကင်ဆာ ဖြစ်ပွားမှု ငါးဆမြင့်တက် လာခဲ့ပြီး အက်စစ်မိုးများ ရွာသွန်းခဲ့သောကြောင့် ဒေသခံများက ၀န်ကြီးချုပ်၏ National
Environmental Board ကို တရားစွဲခဲ့ကြောင်း ၂၀၀၉ ခုနှစ်တွင် ထိုင်းအစိုးရက Pollution Control Area အဖြစ် သတ်မှတ်လိုက် ကြောင်းလည်း သိရသည်။
eleven media group

No comments:
Post a Comment