သြဂုတ် ၃၁ ရက်နေ့မှာ ၄၂ နှစ် ပြည့်မြောက်တဲ့ အကယ်ဒမီ စိုးမြတ်သူဇာရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီးလည်း မေးဖြစ်တော့ ၄ဝကျော် အတွေးကို ''အရင်နှစ်တွေကလိုပဲ မွေးနေ့ မနက်စောစောကို ဆွမ်းလောင်းမယ်။ မွေးနေ့ကိုတော့ အလုပ်မလုပ်ဘူး။ နားမယ်၊ ဆွမ်းလောင်း၊ ဘုရားတက် မယ်။ ညနေပိုင်းကျရင်တော့ ကလေး တွေသွားချင်လာချင်တယ်ဆိုရင် တော့လည်း သူတို့ကို တစ်ခုခုလိုက် ကျွေးမယ်။ အသက်ကြီးလာပြီဆိုတာ ကို ကိုယ့်ဘာသာမေ့နေကြတာလေ။ သတိထားမိတာက အချိန်တွေကုန် တာလည်း မြန်တယ်။ အရင်မကြီး ၃၅နှစ်လောက်က ၄၂နှစ်လောက်ဆို ဘာဖြစ်မယ်ဆိုပြီး ဗေဒင်ဟောထား တာဖတ်ဖူးတော့ ၄၂နှစ်ရောက်ဖို့ ဆိုတာ ဝေးလိုက်တာပေါ့။
အခုသတိ ထားမိတဲ့အချိန်မှာ ၄၂နှစ်ရောက်လာ ပြီ။ ဒါပေမဲ့ မကြီးတို့က အနုပညာသမားဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့ အခါ အမြဲတမ်းစိတ်ပါဝင်စားမှု၊ တက်ြ<ွကမှုတွေ ရှိရမယ်။
အဲဒီအတွက်ကတော့ စိတ်က အမြဲတမ်းကို လန်းဆန်းတက်ြ<ွကနေဖို့လိုတယ်။ မကြီး အတွေ့ အကြုံအရ ဒီအသက်အရွယ် ရောက်လာရင် မတက်ကြွ တော့ဘူးလေ။ လုပ်ဆိုလို့သာ လုပ်နေရတာလေ။ စိတ်ဝင်စား တာက သက်သက်ပဲလေ။ လုပ်တဲ့အခါလည်းကောင်းကောင်းလေးနဲ့ ဖြည်းဖြည်း လေး လုပ်ချင်တယ်။ ဒီအသက် ဒီအရွယ်အထိ ပရိသတ်တွေ အားပေး တာ တအားပီတိဖြစ်မိ သလို၊ ဝမ်းသာကျေနပ် မိသလို ကျေးဇူးလည်း အထူး တင်ပါတယ်'' လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်(photo credit-SOEMYAT THUZAR,SOE MYAT NANDAR )
Popular Journal
No comments:
Post a Comment