Tuesday, January 21, 2014

ရွေးကောက်ပွဲဝင်လျှင် တစ်သီးပုဂ္ဂလအနေဖြင့်သာဝင်မည်ဟု မိုးသီးဇွန်ပြော


Tuesday, January 21, 2014
လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမိုး သီးဇွန်က ပါတီစွဲ၊ ပုဂိ္ဂုလ်စွဲမထား ကြရန်နှင့် ရွေးကောက်ပွဲဝင်မည် ဆိုပါက တစ်သီးပုဂ္ဂလအနေဖြင့် သာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သောလူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီသမိုင်းဆိုင်ရာရှင်း လင်းပွဲ၌ မီဒီယာများအားပြော ကြားခဲ့သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံ သားဖြစ်ခွင့်လျှောက်ထားသော်လည်း ယခုအချိန်ထိမရသေးကြောင်း၊ ထပ်မံ၍လျှောက်လွှာတင်ထား ကြောင်း၊ အနှေးနှင့်အမြန်ရမည် ဟု ထင်ကြောင်းထပ်မံဖြေကြားခဲ့ သည်။

““နိုင်ငံသားလျှောက်ထားတာ ကျွန်တော်မရသေးပါဘူး။ ၀န်ကြီး ဆီလည်း စာရေးထားပါတယ်။ အခုလောလောဆယ်တော့မရသေး ပါဘူး။ ဗီဇာနဲ့နေတာပါ။ အနှေး နှင့် အမြန်ရမယ်လိုတော့ထင်ပါ တယ်။ ကျွန်တော်ရွေးကောက်ပွဲ ၀င်ခဲ့ရင်တစ်သီးပုဂ္ဂလအနေနဲ့ဝင် ဖြစ်ဖို့များပါတယ်။ ဒီမိုကရေစီပဲ ဘယ်ပါတီဝင်ဝင် ၀င်လို့ရပါတယ်။ ပါတီစွဲ၊ ပုဂိ္ဂုလ်စွဲဘာလို့ထားကြ မှာလဲ။ နိုင်ငံရေးလုပ်မယ်ဆိုရင် ရိုးရိုးသားသားလုပ်ဖို့လိုတယ်။ ပါတီစွဲထားတာမကောင်းဘူး””ဟု ကိုမိုးသီးဇွန်က ဆိုသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနှင့်ပတ်သက်၍ အားလုံးစုစု စည်းစည်းနှင့် ပြန်လုပ်မှသာလျှင် ပါတီထဲသို့ဝင်လိုကြောင်း၊ ပါတီကို တကွဲတပြားနှင့်မဖြစ်စေလိုကြောင်း၊ အားလုံးအတူလက်တွဲလုပ်ကိုင်စေ လိုကြောင်း၊ အားလုံးပေါင်းစည်း မှသာ တရားဝင်မည်ဖြစ်ကြောင်း၊ ယခုလိုဆိုလျှင် (၃)ဖွဲ့လုံးတရား မ၀င်ကြောင်း ကိုမိုးသီးဇွန်က ပြောသည်။

Hot News Journal 

1 comment:

Unknown said...

ဝင်ဖြစ်ရင်တော့၊သူဝင်မဲ့နေရာကပြည်သူတွေမဲပေးမမှားမိဖို့လိုမယ်နော်၊ဒီကောင်ကြီးပုံကြည့်ရတာ၊ရက်စက်မဲ့ပုံ၊လူသတ်တယ်လို့စွပ်စွဲခံထားရတာကိုခုချိန်ထိပြန်ရှင်းမပြသေးဘူး၊သူသတ်တယ်လို့ဆောင်းပါးရေးထားတဲ့သူကပဲတမင်လိမ်ပြီးသတင်းလွှင့်တာလားဆိုတာဘာလားဆိုတာပွင့်လင်းမြင်သာမှုရှိရှိရှင်းပြသင့်တာပေါ့၊ဒီကောင်ကြီးမျက်နှာကိုကြည့်ရတာမသထီဏရာပဲ