Wednesday, April 02, 2014

သန္တိသုခကျောင်းကို ပီနန်ဆရာတော်ပိုင်ဆိုင်ကြောင်း တင်ပြမည်

Wednesday, April 02, 2014

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်သည် ပီနန်ဆရာတော်နှင့် သက်ဆိုင်ခြင်းမရှိဟု ထုတ်ပြန်ထားခြင်းအတွက် ထိုကျောင်းတော်ကို ပီနန်ဆရာတော်ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင် လုံစွာဖြင့် သာသနာရေးဝန်ကြီးဌာနက လက်ခံရန် ဆောင်ရွက်သွားမည်ဟု ပီနန်ဆရာတော်၏ တပည့် ဖြစ်သူ ဦးဥတ္တရက ဧပြီ ၁ ရက်တွင် မဇ္ဈိမကို မိန့်သည်။

ပီနန်ဆရာတော်ကြီးကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ကျောင်းတိုက်မှ ထွက်ခွာပေးရန် သံဃ မဟာနာယကအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ဆရာတော်ကြီး၏တပည့်များနှင့် ဒကာ၊ ဒကာ မများက ထိုကျောင်းတော်ကြီးသည် ဦးပညာဝံသ (ပီနန်ဆရာတော်)ပိုင်ကျောင်း ဖြစ်သည်ဟု မတ် ၃၁ ရက်က ဆိုင်းဘုတ်တင်ခဲ့သည်။
မတ်လ ၃၁ ရက် ညနေပိုင်းကလည်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်က လည်း ပီနန်ဆရာတော်ထံ သွားရောက်ကာ ထိုကျောင်းတွင် ဆက်လက် သီတင်းသုံးရန် သမ္မတဦးသိန်း စိန်က ဆန္ဒရှိနေသည်ဟု လျှောက်တင်ခဲ့သေးသည်။

သမ္မတ၏ ဆန္ဒရှိနေမှုနှင့်ပတ်သက်၍ “အဲလိုလာလျှောက်တာမှန်ပေမယ့် ဘာအထောက်အထား ဘာစာ ရွက်စာတမ်းမှ မပါဝင်တဲ့အတွက် ဦးဇင်းတို့ဘက်က အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုတာ သိဖို့ လုပ်စရာ ရှိတာ ဆက်လုပ်သွားမှာပါ”ဟု ဦးဥတ္တရက မိန့်သည်။

ကျောင်းတိုက်ကို ပီနန်ဆရာတော်ပိုင်ဆိုင်ကြောင်း တင်ပြရန် ပြင်ဆင်နေမှုနှင့်ပတ်သက်၍ ဦးညိုအုန်းမြင့် က “ပိုင်ဆိုင်မှုကိစ္စက ဆက်လက်ဖြေရှင်းရမယ့် ကိစ္စပါ။ ဒီအတောအတွင်းမှာ ဆရာတော်ဘုရားကြီး စိတ် ချမ်းသာစွာ သတင်းသုံးနိုင်ဖို့ လျှောက်ထားတာပါ”ဟု ပြောသည်။

ကျောင်းတိုက်ပိုင်ဆိုင်ရေးနှင့်ပတ်သက်၍ ဖြေရှင်းမှုမှာမူ ပြီးပြတ်မှုမရှိသေးဟုလည်း ဦးဥတ္တရက မိန့် သည်။

မဟာသန္တိသုခကျောင်းတော်ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပီနန်-စင်ကာပူ ဆရာတော်ဦးပညာဝံ သဦးစီး၍ တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ယင်းကျောင်းတိုက်ကို သံဃမဟာနာယက အဖွဲ့က စီမံကွပ်ကဲလျက်ရှိသည်။

Mizzima 

No comments: