Wednesday, April 02, 2014
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်းမှ တောင် ကြားစေတီနှင့် လယ်တီသိမ်တော်သည် ကြေးနီသတ္တုသိုက် ဗဟိုချက်နေရာနှင့် ကင်းလွတ်ခြင်းမရှိဟုဆို ကာ နေရာသစ်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေပြီဟု ဆားလင်းကြီးမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာ တော်၏ ကံဆွယ်ကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်သည်။
သိမ်တော်နေရာသစ်ကို အဆိုပါစီမံကိန်းနယ်မြေအတွင်း ကျော်ရွာအနီး၊ မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါ လမ်းဘေးတွင် သတ်မှတ်ထားပြီး သင်္ကြန်ကာလအတွင်း အပြီးရွှေ့ပြောင်းသွားမည်ဟု ဆိုသည်။
“လယ်တီသိမ်တော်အဟောင်းနေရာမှာ သိမ်နုတ်ခြင်းကံဆောင်ပွဲနဲ့ အသစ်ပြောင်းရွှေ့မယ့်နေရာမှာသိမ် သမုတ်ကံဆောင်ခြင်းတို့ကို ဆရာတော်ကြီးတွေက ပြုလုပ်ပြီးပြီ”ဟု အဆိုပါသံဃာတော်က ဧပြီ ၁ ရက် တွင် မိန့်ကြားသည်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်းမှ တောင် ကြားစေတီနှင့် လယ်တီသိမ်တော်သည် ကြေးနီသတ္တုသိုက် ဗဟိုချက်နေရာနှင့် ကင်းလွတ်ခြင်းမရှိဟုဆို ကာ နေရာသစ်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေပြီဟု ဆားလင်းကြီးမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာ တော်၏ ကံဆွယ်ကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်သည်။
သိမ်တော်နေရာသစ်ကို အဆိုပါစီမံကိန်းနယ်မြေအတွင်း ကျော်ရွာအနီး၊ မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါ လမ်းဘေးတွင် သတ်မှတ်ထားပြီး သင်္ကြန်ကာလအတွင်း အပြီးရွှေ့ပြောင်းသွားမည်ဟု ဆိုသည်။
ပြောင်းရွှေ့ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် မတ်လ ၃၀ ရက် နံနက် ၅ နာရီခွဲက ဆားလင်းကြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ ကံဆွယ်ကျောင်းတိုက်ဆရာတော် ဦးကောဝိဒအား အမှူးပြုကာ ကြေးနီတူး ဖော်ရေးကုမ္ပဏီ၏ ပင့်သံဃာ ၂၅ ပါးကို ပင့်ဆောင်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၄၅ မိနစ်အချိန် ထိ တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ပေါ်တွင် သိမ်နုတ်ကံဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိမ် နုတ်ကံဆောင်ခြင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဘွဲ့အမည်မဖော်ပြလိုသူ ဆရာတော်ကြီးတစ်ပါးက မဇ္ဈိမကို မိန့်သည်။
“သိမ်နုတ်ကံဆောင်တဲ့အခါ ပင့်သံဃာ ၂၅ ပါးဖြစ်တယ်။ နောက်ထပ် သံဃာနှစ်ပါး ထပ်ပြီးရောက်လာ တယ်။ နောက်တိုးသံဃာနှစ်ပါးက ဆားလင်းကြီးမြို့နယ် တောင်ပေါ်ကျောင်းဆရာတော်တို့ပါ။ စုစုပေါင်း သံဃာ ၂၇ ပါးပေါ့”ဟု မိန့်ကြားသည်။
ပင့်သံဃာ (၂၇) ပါးတို့သည် ထိုနေ့ညနေ ၅ နာရီ ၅ မိနစ်မှ ၈ နာရီ ၁၀ မိနစ် အချိန်တွင် တောင်ကြားစေ တီနှင့်လယ်တီသိမ်တော် အသစ်ပြောင်းရွှေ့မည့် နေရာသစ်၌ သိမ်သမုတ်ကံဆောင်ခြင်းနှင့် သိမ်အောင် ပွဲမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်ဟု ဆိုသည်။
ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဦးကောဝိဒနှင့် ၂၅ ပါးတို့သည် တောင်ကြား စေတီနှင့် လယ်တီသိမ်တော်ရှိရာနေရာဟောင်းသို့ ထပ်မံကြွရောက်ကာ သိမ်နုတ်ကံဆောင်ခြင်းများ ထပ်မံပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
Mizzima
No comments:
Post a Comment