Wednesday, February 29, 2012

KIA တပ်ရင်း ၂၆ မှ ခရီးသွားကားများကို အဓမ္မအခွန်ကောက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ စစ်ရေးရံပုံငွေအကြောင်းပြကာ ခရီးသွားဒေသခံများအား အဓမ္မပိုက်ဆံကောက်ခံနေကြောင်း မိုးညှင်းမြို့မှ သတင်းပေးပို့လာပါတယ်။ KIA တပ်ရင်း ၂၆ မှ ကေအိုင်အေ စစ်သားများဟာ မိုးညှင်း ဟိုပင် ဝှေခါ ကားလမ်းပေါ်မှာရှိတဲ့ ညောင်ပင် ရွာမှာ ဂိတ်တစ်ခုဖွင့်ပြီး ကားကြီး တစ်စီး ၅၀၀၀၀ ကားငယ်တစ်စီး ၃၀၀၀၀ ဆိုင်ကယ်တစ်စီး ၁၀၀၀၀ စီအတင်း အဓမ္မကောက်ခံနေ တယ်လို့သိရပါတယ်။ ခရီးသွားတဲ့ ကား ဆိုင်ကယ်တွေကိုလည်း အချိန်ကြာရပ်ခိုင်းပြီး စစ်ဆေးပြီးမှသာ သွားခွင့်ပြုတယ်လို့သိရပါတယ်။ "တိုက်ပွဲတွေဖြစ်နေတော့ အလုပ်လုပ်ရတာလည်း

အမျိုးသမီး ၄ ဦးကို KIA မှ မုဒိမ်းကျင့်ခဲ့ကြောင်း ဒုစစ်ဦးစီးချုပ်ဝန်ခံ

ဖေဖော်ဝါရီလ ၂ ရက်နေ့က မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အိမ်ထောင်ရှိအမျိုးသမီး ၂ ဦးနှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးကို ကေအိုင်အေမှ အလိုမတူဘဲလက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ တာလောကြီးရွာကို ကေအိုင်အေမှ အမှုထမ်းသစ်များစုဆောင်းဖို့ ညအချိန်မှာရောက်လာခဲ့ကြပြီး အမျိုးသမီး ၄ ဦးအပါအ၀င် ရွာသား ၁၂ ယောက်ကို ဖမ်းခေါ်သွားခဲ့ကြ ပါတယ်။ ကေအိုင်အေမှ ဖမ်းသွားခဲ့တဲ့ထဲမှာ ပါဝင်တဲ့အမျိုးသမီး ၄ ဦးကိုကေအိုင်အေရဲဘော်များမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ

မြန်မာအစိုးရနှင့်အပစ်ရပ်ရေး အဆင့်တွေ့ဆုံဆွေးနွေးမည့် KNPP ကို လူထုကြိုဆို


    လာမည့်မတ်လပထမအပတ်၌ ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်တွင် မြန်မာအစိုးရနှင့် အပစ်ရပ် ရေးအဆင့် တွေ့ဆုံဆွေးနွေးမည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP ကို ကရင်နီလူထု များက ကြိုဆို ကြောင်း သိရသည်။
လွိုင်ကော်မှ လူငယ်တဦးက “သူတို့(KNPP)ပြန်လာမယ့်နေ့ကို သွားကြိုမှာပဲ။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ မယ်ဆိုတော့ အစိုးရနဲ့ လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ပြန်လာမယ့်သူတွေကိုတော့ ကြိုဆို တယ်။ လူထုတော်တော်များများလည်း ကြိုဆိုမယ်လို့ ယုံကြည်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ လက်တလောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည့်အပေါ် ကရင်နီလူထု အတော်များများသည် အစိုးရကို

တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်


  အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသော   တိုင်းရင်းသားအဖွဲ့အစည်းများ    မပါဝင်ဘဲ  အစိုးရဘက်က နိုင်ငံရေး 
တွေ့ဆုံမှု ပြုလုပ်မည့်အစီအစဉ်မှာ တိုင်းရင်းသား အချင်းချင်းဖဲ့ထုတ် စည်းရုံးခြင်းသာဖြစ်ကြောင်း ကရင့်အမျိုးသားအစည်း အရုံး( KNU)က ပြောသည်။
KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သာကဘောက “ကေအဲန်ယူရဲ့ သဘောထားကတော့ ပစ်ခတ်ရပ်စဲရေးကို ခိုင်မာ အောင်လုပ်ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ပါလို့ အမြဲတမ်းပြောတယ်။ ရတဲ့အဖွဲ့လေး နဲ့ပဲ တွေ့ဆုံဆွေးနွေး သွားမယ်ဆိုတာ ဖဲ့ထုတ်စည်းရုံးတဲ့ လုပ်ငန်းပဲ။ အဲ့ဒါကတော့ လက်မခံနိုင်ဘူး” ဟု ပြောသည်။
ယခုလ ၂၄ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါက နောက်တစ်ဆင့်တက်ပြီး

မြန်မာသတင်းများ(၂၈-၂-၂၀၁၂)

- ၈၈ မျိုးဆက် မန္တလေး တက် click
- ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံပြန်တင်မည် click
- ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ click
- နိုင်ငံ​ရေး​အကျဉ်းသား​ဟောင်း​ ရဟန်း​တပါး​ ​ကျောင်း​က နှင်ထုတ်ခံရ click
- လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့ click
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် အရှင်ဆန္ဒာဓိက ငွေလှူဒါန်း click
- အဓမ္မသိမ်းယူခံထားရသည့် နယ်မြေမှ မပြောင်းပေးသည့် ရွာသားအချို့ တရားစွဲခံရ click
- အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံး click
- ဘုရားသုံးဆူမြို့နယ်ခွဲတွင် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲ ကျင်းပခဲ့ကြောင်း   click
- ဒီမိုကရေစီလမ်းကြောင်းနှင့်ကိုက်ညီမှုမရှိသည့် ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေကို ဆက်လက်ပြဌာန်းမည်  click
- ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်   click

- ၅ထောင်တန်ဖုန်းရရှိရေး လှုပ်ရှားသူများကို ပြန်လွှတ်ပေးလိုက်ပါပြီ   click

- မြောက်ကိုရီးယား ကန့်ကွက်တဲ့ စစ်ရေးလေ့ကျင့်မှု ကန်နဲ့ တောင်ကိုရီးယား စတင် click
- ဆီးရီးယားအပေါ် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ် click 
- ယူနန် မိုးခေါင်မှု လူ သုံးသန်းကျော် သောက်ရေပြတ် click

Tuesday, February 28, 2012

ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆို ပယ်ချခံရ

မြန်မာပြည်တွင်း၌ လက်ရှိ ချင်းပြည်နယ်နေ့ အဖြစ် ကျင်းပနေရသည့် နှစ်စဉ် ဖေဖော်ဝါရီလ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အနေနှင့် သတ်မှတ် ကျင်းပခွင့်ပြုရန်ချင်းအမျိုးသားပါတီ (CNP)၏ အဆိုကို ပြည်နယ် လွှတ်တော်က ပယ်ချလိုက်သည်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄) Max Myanmar ဦးဇော်ဇော်


အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄)
ဖေဖေနဲ့ မေမေကို မွေးစားနိုင်သူ (သို့မဟုတ်) လှေနံနှစ်ဖက်နင်းထားတဲ့
 Max Myanmar ဦးဇော်ဇော်
(ဆောင်းပါးရှင် ရွှေဓူဝံ)

သမ္မတရုံး ဘတ်ဂျက်လျှော့ချရေး လွှတ်တော်၌ ဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုမည့် ကျပ်ဘီလီယံ ၆၀၀ ကျော် ဘတ်ဂျက်ငွေ ကန့်သတ် လျှော့ချနိုင်ရေးနှင့် အစိုးရ အသုံးစရိတ်ဆိုင်ရာများကို ပြည်ထောင်စု လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။

အိန္ဒိယ လုပ်သားများ တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ ၀န်ထမ်းများ ဒဏ်ရာရ

ကျောက်ဖြူ ရွှေဂတ်စီမံကိန်း လုပ်ငန်းခွင် တစ်ခုတွင် အိန္ဒိယ လုပ်သားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ တစ်ခုမှ ၀န်ထမ်းများ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံ ပြန်တင်ပြီ

၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် တတိယ အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့သော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က တရားဝင် နိုင်ငံရေးပါတီ တရပ်အဖြစ် ပြန်လည် ရပ်တည်ရန် မှတ်ပုံ ပြန်တင်လိုက်ပြီ ဖြစ်သည်။

ရေး NLD ရဲ့ ရွှာနှစ်ရွာစည်းရုံးရေး

ဇန်န၀ါရီ ၂၆ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် NLD အဖွဲ့ဝင်များဟာ ရေးမြစ်တဖက်ကမ်း ချောင်းတောင်ကျေးရွာကို စည်းရုံးရေးဆင်းခဲ့တယ်၊

ကြံ့ခိုင်ရေးပါတီ၏နောက်ဆုံးပေါ်မဲဆွယ်နည်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ မန္တလေးက မြင်ကွင်းတခုပါ။

မြစ်ဆုံ တန်ဖရဲရွာသားများကို မူရင်းရွာ ပြန်မနေဖို့ ဖိအားပေး

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် မြစ်ဆုံ အနီး တန်ဖရဲ ရွာသားများအား စီမံကိန်း ရပ်ဆိုင်းလိုက်သော်လည်း နေရပ်ရွာသို့ ပြန်လည်နေထိုင်ခွင့် မပြုကြောင်း သိရသည်။

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း သိရသည်။

ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်

ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောသည်။

ရတနာပုံ Web Portal ဌာနကြီးမှူး၏ အာဏာသုံး ခြိမ်းခြောက်မှု သမ္မတထံ တိုင်မည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ
ပြုလုပ်ပေးနေသော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင် ကို အောက်ခြေ ဝန်ထမ်းများအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြသည်။

၈၈ တို့ရဲ့ မြစ်ကြီးနား ပဲ့တင်သံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားများက ၎င်းတို့၏ ငြိမ်းချမ်းရေး သဘောထားတရပ်ကို အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

ကချင်အမျိုးသမိးကို ဖမ်းဆီးထားခြင်းမရှိဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ငြင်းဆို

မီးဘေးသင့်အုန်းဖျန်စခန်းရှိ ကျောင်း သားကျောင်းသူများ စာမေးပွဲဖြေရန် အခက်ကြုံနေ


ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲနှင့်ကြုံတွေ့နေကြသည်ဟု စခန်းမှ ပညာရေးမှူး စောညို့ ကလီထီး ကပြောသည်။

အစိုးရတပ်မှ ခရီးသည်နှင့် လူကယ်ရီများထံ ငွေကြေးရယူပြီး တရားမ၀င်ဆိုင်ကယ်များကို လည်း နေ့စဉ်ပေးသွင်း


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ယခုရက် ပိုင်းအတွင်းခရီးသည်နှင့် လူကယ်ရီများထံ ငွေကြေး ရယူပြီး ထိုင်းမှ တရားမ၀င်ဆိုင်ကယ်များ ကိုလည်း နေ့စဉ်ပေးဝင်လျှက်ရှိသည်ဟု သိရသည်။

အမြန်ဆုံးနည်းနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း UNFC ချမှတ်

ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။

Monday, February 27, 2012

DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်

         
အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ သည်။
DSC01991
 ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ဒေသခံများ နေရပ်ပြန်နိုင်ရန် စတင်စီစဉ်နေ

         

ကချင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့်နယ်မြေလုံခြုံမှုမရှိသောနေရာများမှ ရွှေ့ပြောင်းလာကြ သည့် ဒေသခံများ မိမိတို့၏ နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့     အစည်းမှ စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ကချင် ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲ ကျင်းပ

         
ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် Save The War Victims အမည်ရှိ ရန်ပုံငွေပွဲကို ရန်ကုန်မြို့ ပြင်သစ် သံရုံး ယဉ်ကျေးမှု ဌာနတွင် ယမန်နေ့က ကျင်းပသည်။
စစ်ပြေး
ရန်ပုံငွေပွဲတွင် ပြသထားသော ကချင်ဒုက္ခသည် ဓာတ်ပုံ(ဓာတ်ပုံ - ထိန်ဝင်း)
ဒုက္ခသည်များအား အကူအညီ ပေးလိုသည့် ရန်ကုန်မြို့မှ လူငယ်များ စုပေါင်းကျင်းပခြင်း ဖြစ်ပြီး ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ၊ ဂီတ စသည့် စာပေ အနုပညာ လောက သားများလည်း ပါဝင်ကြောင်း သိရသည်။

ငါတို့ အကြွေးတွေကို ပြည်သူဆပ်လိမ့်မယ်လို့ 

တိုင်းပြည်ပိုင် ကျောက်မျက်ရတနာတွေကို ငန်းငန်းတက်နေခဲ့ကြတဲ့ အာဏာရူးကြီး သန်းရွှေနှင့် ဗိုလ်ချူပ်များဟာ အမိမြန်မာပြည်ရဲ့  အမွေအနှစ် ရတနာပစ္စည်းတွေကို မောင်ပိုင်စီးခဲ့ကြပါတယ်။

စစ်ဗိုလ်လူထွက်အစိုးရနှင့် မြန်မာ့စီပွားရေး

         
စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး
ဦးစိန်ကျော်လှိုင်

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။

မြန်မာသတင်းများ(၂၇-၂-၂၀၁၂)

- ဂက်စ်ပိုက်လိုင်းအတွက် လျော်ကြေးနည်းပါးသည့်အပြင် အာဏာပိုင်များ ခေါင်းပုံထပ်ဖြတ် click
- ဆန္ဒခံယူပွဲကြား နှိမ်နင်းမှုကြောင့် ဆီးရီးယားမှာ လူ ၃၀ ကျော် သေ click
- ကိုရမ်ကျမ်းစာ မီးရှို့မှုအပေါ် အာဖဂန်မှာ ၅ ရက်မြောက် ဆန္ဒပြ click
- ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ click
- ဘီပီ ရေနံအမှု မစသေး click
- ဆီးရီးယားနိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပ click
- တရုတ်နိုင်ငံသား အများအပြား အိုဘားမား ၀က်ဘ်ဆိုက်မှာ စာရေးကြ click
- အမေရိကန်တွင် ကားတိုက်၍ ရခိုင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရ click
- ဦးလှဖုန်းဟန်၏ ကြက်ခြံတွင် ကြက်ငှက်တုတ်ကွေးရောဂါသံသယဖြစ်ဖွယ်တွေ့ရှိ click
- သံတွဲစည်ပင် မီး​ဘေး​သင့်​ ​ဈေး​သည်များ​ကို ဖယ်ရှား click
- ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ် click 
- DVB ညွှန်မှူး ဦးအေးချမ်းနိုင် မြန်မာပြည်သို့ ရောက်ရှိ click
- မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှု အခွန်ကင်းလွတ် click
- ကမ္ဘာ့ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံးရောက်သွားတဲ့ စင်္ကာပူ click
- နဘုလယ်ကျေးရွာအုပ်စု ပုဝါရွာတွင် ပိုင်ရှင်မသိဘဲ လယ်မြေကို ဘူဒိုဇာဖြင့် ထိုးဖျက် click
- ချင်းအမျိုးသားတပ်ဦး ရုံးခွဲ ဖွင့်ရေး click
- ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော click
- ၈၈ အဖွဲ့ကို မန္တလေးဈေးချို သောင်းသောင်းဖြဖြ ကြို click 
- ပဲခူး​တိုင်း​အ​နောက်ခြမ်း​ မြိုနယ်အကုန်လုံး​က ကျောင်း​သား​တွေ ပါဝင်​နေပြီ (မေးမြန်းခန်း) click
- ၈၈ မျိုးဆက်တွေကို မန္တလေးဒေသခံတွေ ကြိုဆို click
- ၈၈ မျိုး​ဆက်များ​ တက်​ရောက်မည့်​ စာအုပ်မိတ်ဆက်ပွဲ ဖျက်ခံရ click
- NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ click
- NLD ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ဖွင့်ပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ် click
- လွှတ်တော်တွင် ပညာရေးကျွမ်းကျင်သူများ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click 
- ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့ စကားတွေ click
- နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် click
- လူသတ်မှု ကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် အစားထိုး click 
- ​သေမင်း​တမန်ရထား​လမ်း​ ပြန်ပြင်မည် click
- CNF ၏ ပထမအကြိမ် အဓိပတိကောင်စီ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး click
- ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးက စီအဲန်ပီ၏ အဆို ၃ ခုနှင့် မေးခွန်း ၅ ခု ပယ်ချ click


မြန်မာပြည်မှာ အမေရိကန်စစ်သား ရှာဖွေရေး



၁၉၄၂ ခုနှစ်က မြန်မာပြည် တောတွင်းတနေရာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်စတီးဝဲလ် နဲ့ တပ်ဖွဲ့ဝင်များ 

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေရေး လုပ်ငန်းတွေ ပြန်အစပြုဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ လွန်ခဲ့တဲ့ ၈ နှစ်က ရပ်ထားခဲ့တာပါ။

ဒီတပတ်မှာတော့ အမေရိကန် ထိပ်တန်း စစ်အရာရှိတယောက် မြန်မာပြည် ရောက်လာပြီး လုပ်ငန်းပြန်စရေး စကားပြောခဲ့ပါတယ်။ အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာလို့ ဒီလို ပြောနိုင်တာ လည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ သောကြာနေ့က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ ကာကွယ်ရေးဌာန ဒုတိယ လက်ထောက် ၀န်ကြီး (Deputy Assistant Secretary of Defense) Bob Newberry ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှာမတွေ့သေးတဲ့ အမေရိကန် အရေအတွက်က

အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုရန်ပြင်ဆင်

 
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ ပြန်လည်တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက်ရှိတွင် ကန့်သတ်ထားသည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။
တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည် ၁၅ မျိုးမှ ယခင်ကလည်း အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွတ်ဗူးများ(အသားနှင့်သီးနှံ)နှင့် ခေါက်ဆွဲခြောက်အမျိုးမျိုးအား တင်သွင်းခွင့်ကန့်သတ် ထားရာမှ ပြန်လည်တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါကျန် ရှိနေသည့် အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားသည့် ကုန်စည်များကို တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
''ကန့်သတ်ကုန် ၁၅ မျိုးမှာ အချိုမှုန့်အပါအ၀င် ၅ မျိုးကို ခွင့်ပြုပေးခဲ့ပြီးပါပြီ။ ထပ်ပြီးတော့ ကန့်သတ်ထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င်

ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ


၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာ ပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။
တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။ ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ

 အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာ

 

အင်းလေးကန်တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်
အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင် ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာ သလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့် ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။
ရေအရည်အသွေးကျဆင်းရခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ

ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကချင်ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေး ဂီတပွဲပြုလုပ်

       ယမန်နေ့ ညက ကန်တော်ကြီးမျှော်စင်ကျွန်းတွင် မနောအလှဂီတည(ကချင်ဒုက္ခသည်များ ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်) ပြုလုပ်ကျင်းပခဲ့ပြီး အဆိုတော် အယ်ခွန်းရီ၊ ကေဂျာနူး၊ ကော့မိုင်၊ Lလွန်းဝါ၊ Lဆိုင်းဇီ၊ ရေဗက္က၀င်း၊ Nကိုင်ရာ၊ ဆူဇီ စသောအနုပညာရှင်များအပါအ၀င် Dancer အဖွဲ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုး ကူညီပေးခဲ့သောကုမ္ပဏီများမှာ ထူး၊ မက်စ်မြန်မာ၊ ကမ္ဘောဇ၊ Sky Net စသည့် ကုမ္ပဏီကြီးများမှ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ကချင်တိုင်းရင်းသားများ အများဆုံး လာရောက်ကြည့်ရှု အားပေးခဲ့တာဖြစ်ပြီး ကချင်စကားတွေနဲ့ အပြန်အလှန်နှုတ်ဆက်ပြောဆိုမှု များကြောင့် ကန်တော်ကြီး မျှော်စင်ကျွန်းတွင်

ဒီကေဘီအေနှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ့ဆုံ

ဗိုလ်ချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည်၊ DKBA တပ်ဖွဲ့နှင့် BGF တပ်ဖွဲ့များ နေရာချ ထားရေးအတွက် ကရင်ပြည်နယ် ဖါးအံမြို့တွင် ယမာန်နေ့က တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ဒီကေဘီအေ ဖက်မှ ဗိုလ်မှူးချုပ် မိုရှေး၊ ဦးဆောင်ပြီး၊ ဗိုလ်မှူးကြီး မောင်လေး၊ ဗိုလ်မှူး လောက်လုံတို့ အပါဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက် ခဲ့သည်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။ အစိုးရ ဖက်မှ ကိုယ်စားလှယ်များမှာ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ ၄) ဗိုလ်ချုပ် သက်နိုင်ဝင်း၊ နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲမှ ဦးအောင်သောင်း၊ ဦးကျော်ဝင်း၊ ဦးသိန်းဇော်၊ အရှေ့တောင်တိုင်း တိုင်းမှူး တင်မောင်ဝင်း၊ နယ် ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီးတို့ အပါဝင် ဒုတိယ၀န်ကြီးများ ကိုယ်စားလှယ် (၁၁)ဦး တက်ရောက် ဆွေး နွေးခဲ့သည်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။
“ အခြေအနေက နေရာမချလို့ မဖြစ်တော့ဘူးလေ။ နေတဲ့နေရာတွေက ထပ်နေသလို၊ သွားလာရေးမှာလည်း၊ အခက်အခဲဖြစ်လာပါတယ်။ ပြီးတော့ သူ့တပ်ကိုယ့်တပ်အပြိုင် စည်းရုံးလာခဲ့တဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ တစတစကြီးထွား လာနေတဲ့အတွက် နေရာချထားရတာဖြစ်ပါတယ်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။
ထိုတွေ့ဆုံပွဲ၌ဆွေးနွေးကြသည့် အကြောင်းအရာများမှာ-

Sunday, February 26, 2012

အုန်းဖျန်ဒုက္ခသည်စခန်းမှ မီးဘေးဒုက္ခသည်များအား ကရင်ပြည်နယ်အစိုးရမှထောက်ပံ့

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၁၂ နာရီ ၁၅ ချိန်ခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းဇုန်(၇)တွင် ပေါ့ဆမှုကြောင့် မီးလျောင်ကျွမ်းပြီး ဒုက္ခသည် စခန်းတစ်ခုလုံး လျင်မြန်စွာကူးစက်လောင်ကျွမ်း၍ ဒုက္ခသည်အိမ်ခြေ(၅၀၀)မှ (၇၀၀)အထိ လောင်ကျွမ်းခဲ့ပါတယ်။ ၎င်း မီးဘေးဒုက္ခသည်များအား ကရင်ပြည်နယ်အစိုးရမှ ဆန်အိတ်(၁၀၀)အိတ်၊ တန်ဖိုး(၁၈၅၆၀၀၀)ကျပ်အား လှူဒါန်းခဲ့ပါတယ်။ ဆန်အိတ်များအား မြ၀တီမြို့နယ်၊ ဝေါလေမြို့နယ်ခွဲရှိ ရပ်မိရပ်ဖများဖြစ်သော ဦးတိုး၊ ဒေါ်နော်ဖားနှင့် ဒေါ်မုနော်တို့မှ အုန်းဖျန်ဒုက္ခသည်စခန်းတာဝန်ခံ ဦးစောထူးဆန်းနှင့် အဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ကြက်/ငှက်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်တွေ့ရှိ

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ နေရှင်နယ်ရပ်နေ ဦးလှဖုန်းဟန်း၏ ကြက်အကောင်(၁၀၀၀) မွေးမြူထားသောခြံတွင် ကြက်အကောင် (၆၀)ခန့်နှင့် ၎င်းခြံအနီးရှိ ဦးခင်မောင်မြင့်၏ ကြက်ခြံတွင် ကြက် (၁၀)ကောင်ခန့် သေဆုံးနေကြောင်း သတင်းရရှိ၍ မုံရွာခရိုင် တိ/ကုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေးနှင့်အဖွဲ့သည် ကြက်ခြံမှ ကြက်သေဆုံးသော ကြက်များအား (Rapid Test Kit) အရ စစ်ဆေးရာ ကြက်/ငှက်တုပ်ကွေးဟု သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အထက်မြန်မာပြည် တိရိစ္ဆာန် ရောဂါရှာဖွေရေးဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးရာ ရောဂါရှိကြောင်း (Positive) ပြသဖြင့် ရန်ကုန်မြို့ရှိ တိရိစ္တာန်ရောဂါရှာဖွေရေးဌာနသို့ပို့ဆောင်ကာ အတည်ပြုချက်ရယူနေကြောင်းသိရှိရ ပါသည်။ မုံရွာခရိုင်မှ တာဝန်ရှိသူများမှ ၎င်းကြက်ခြံများအပါအ၀င် အခြားကြက်ခြံများမှ ကြက်ဥ/ အသားနှင့်ဆက်စပ်ပစ္စည်းများအား မြို့နယ်ပြင်ပသို့ မထွက်ရှိစေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

Saturday, February 25, 2012

ကချင်ပြည်နယ်မှ နေထိုင်သူ ဒေသခံတစ်ဦး၏ ပေးစာ






ယခုနှစ်      ဖေဖော်ဝါရီလဆန်းပိုင်းမှာ   KIA အဖွဲ့ဟာ  အစိုးရရဲ့   ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့   အဖွဲ့နဲ့
 
တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။   အစိုးရဘက်ကလည်း သဘောတူပြီး    တွေ့ဆုံမယ့်နေ့ရက်၊
 
နေရာကို        ပြန်လည်ညှိနှိုင်းကြမယ်လို့      ကြားသိရပါတယ်။   KIA တပ်ဖွဲ့အနေနဲ့    ကချင်လူမျိုးများ
 
အခွင့်အရေးရရှိရေးအတွက်      လက်နက်ကိုင်တိုက်ခိုက်နေကြသလို KIA တပ်ဖွဲ့ဝင်    အများစုကလည်း 
 
ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းဖွံဖြိုးမှုအတွက်     ငြိမ်းချမ်းရေးကို     လိုလားကြတယ်လို့ ကြားသိရပါတယ်။
 
 ဒီလိုအချိန်မှာပဲ ဖေဖော်ဝါရီ(၈)ရက်နေ့က KIA အင်အား(၂၀) ဦးခန့််ဟာ ဗန်းမော်-မြစ်ကြီးနားကားလမ်း

ဗုဒ္ဓမြတ်စွယ်တော် လှူဒါန်းငွေများ မြန်မာနိုင်ငံသို့ ပြန်လှူဒါန်းမည်



မြန်မာနိုင်ငံတွင် ၄၈ ရက်ကြာ ဖူးမြော်အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ထံ လှူဒါန်းငွေများကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ ဗုဒ္ဓမြတ်စွယ်တော်စေတီ မွမ်းမံတည်ဆောက်ရေးနှင့် ဗုဒ္ဓဘာသာနှင့် ကုသိုလ်ကောင်းမှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော် Ming Sheng က အတည်ပြု ပြောကြားသည်။ “ပူးပေါင်းလုပ်ဆောင်ရမယ့် အသေးစိတ်ကို နောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ပေးသွားပါမယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားသည်။ ပုံတူပွားထားသည့် မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်၌ အပူဇော်ခံရန်အတွက် ပုံတူပြုထားသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ ကြာကလပ် သုံးဆူကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ အခြေခံ၊ အလယ်တန်း၊ အထက်တန်း စာသင်းကျောင်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကုသိုလ်ဖြစ် လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်နိုင်ငံရေး

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အချက် ၅ ချက်သဘောတူလက်မှတ်ရေးထိုး


အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ Strand Hotel တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ်။
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆဲရေးအပါအဝင် အချက်ငါးချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက်လေးချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးများဖြစ်သော

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ရခိုင်မျိုးချစ်သူပုန်တဦး ကွယ်လွန်

၂၀၁၁ ခုနှစ် မေလက အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော ရခိုင်မျိုးချစ် သူပုန်တဦးဖြစ်သူ ကိုမင်းသာထွန်း (၃၇ နှစ်)သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင်နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ကိုမင်းသာထွန်းမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ NUPA မှ ဒုဗိုလ်တဦးဖြစ်ပြီး စစ်အစိုးရအား အခြေစိုက်
တော်လှန်ရန် ၁၉၉၈ ခုနှစ်က အိန္ဒိယပိုင် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းပေါ်သို့ အရောက်တွင် အိန္ဒိယစစ်တပ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည့် NUPA နှင့် KNU ရဲဘော် ၃၆ ဦးအနက် တဦးအပါအဝင်ဖြစ်သည်။

ကိုလ်ကတ္တားအကျဉ်းထောင်တွင် ၁၃ နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂ဝ၁၁ ခုနှစ် မေလတွင် အခြားရဲဘော်များနှင့် အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ်   နေထိုင်လာခဲ့သည်။
freedomfigher2
နယ်သာလန်နိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ရန် လက်ခံထားပြီးဖြစ်၍ ဇွန်လထဲတွင် ပြောင်းရွှေ့ အခြေချနေထိုင်ရန်ရှိစဉ် ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“တော်လှန်ရေးအပေါ်မှာ စိတ်ထား အပြုသဘောဆောင်ပြီး လူကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ ယူကြုံးမရပါဘူး။ ကျနော်တို့တအားခံစားရပါတယ်” ဟု

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက် မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်း များတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ် တစ်ကြောင်း

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ မြစ်ကြီးနားစည်းရုံးရေး ခရီးစဉ် ကိုလည်း သတင်းသမားများအားရသလောက် ညစ်လိုက်သေးတဲ့ လူတွေ



ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ

ကဲ ကောင်းရော ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်

မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။

ဖေဖောဝါရီလ ၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု သမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန် လွှတ်တော် ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို

မိန်းကလေးတွေရဲ့ ကာယိနြေ္ဒအတွက် အကာအကွယ်ပေးနေပေမယ့် တချို့မိန်းကလေးတွေ လူပုံအလယ်ပါမရှောင် နမ်းနေ

 မြန်မာအမျိုးသမီးများ ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒပျက်အောင် စော်ကားခံနေရတာတွေ ပျောက်သွားဖို့ အတွက် ရန်ကုန်မြို့က ကားလိုင်းတွေမှာ အမျိုးသမီးသီးသန့်ယာဉ်လိုင်းဆိုပြီး အမျိုးသမီးတွေသာ စီးလို့ရတဲ့ ယာဉ်လိုင်းတွေ လုပ်ပေးထားပါတယ်။ အထက်ပါ ကားတွေကို ကျောင်းတက်ကျောင်းဆင်းနဲ့ ရုံးတက် ရုံးဆင်း အချိန်တွေ မှာ ပြေးဆွဲပေးတာဖြစ်ပါတယ်။ 
 နှမသားချင်းစာနာမှုမရှိတဲ့ ယောင်္ကျားတွေရဲ့ လက်သရမ်း မှု နှောင့်ယှက်မှုတွေက ကင်းဝေးအောင် ခုလို အမျိုးသမီး သီးသန့်ယာဉ်လိုင်း ဆိုပြီး စေတနာနဲ့ ပြေးဆွဲပေးတာပါ။ 
ဒါ့အပြင် သာမန်လိုင်းကားတွေပေါ်မှာ မိန်းကလေး တစ်ယောက် အနေနဲ့ ယောင်္ကျားတစ်ယောက် ရဲ့ နှမချင်းမစာမနာ  ဟိုကိုင်ဒီကိုင်မှု၊ မသိမသာနောက်ကနေ မဖွယ်မရာလုပ်မှုတွေခံလာရရင် ၀ီစီမှုတ်ပြီး အကူအညီတောင်းနိုင်ဖို့ ၀ီစီတွေကို အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့ လူစည်ကားရာ နေရာတွေမှာ ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေတယ်လို့ သိရပါတယ်။ တကယ်လို့ ကိုယ်စော်ကားခံရရင် ၀ီစီလေးမှုတ်လိုက်ယုံပါပဲ။ အဲအခါမှာ ကားသမားနဲ့ တခြားကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကလည်း အထက်ပါအမျိုးသမီးကို အကူအညီပေးပါလိမ့်မယ်။ 


အမျိုးသမီးတွေ အတွက် သီးသန့်ယာဉ်လိုင်း
အထက်ပါကဲ့သို့ အမျိုးသမီးတွေရဲ့ကာယိနြေ္ဒ နဲ့ အရှက်တရားအတွက် တတ်နိုင်သလောက် နိုင်ငံတော်နဲ့ တခြား လူမှုရေး အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေက ကူညီပေးနေပေမယ့်လည်း တချို့မိန်းကလေးတွေကတော့

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခရမ်း-သုံးခွ သို့ ပါတီစည်းရုံးရေးခရီးသွားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် 
လာမယ့် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မှာ ရန်ကုန်တိုင်း ခရမ်းမြို့ နယ် နှင့် သုံးခွမြို့ နယ်တွေကို
ပါတီအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းသိရပါသည်။