Friday, April 26, 2013
တရားစွဲဆိုခံထားရတဲ့အင်းလေးဟိုတယ်ဇုံ မြေသိမ်း ခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံး မှာ ဒီကနေ့စစ်ဆေး မှာဖြစ်တဲ့အတွက် ညောင်ရွှေေ ဒသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေးတဲ့ ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွား မှာ အာဏာပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါ တယ်။ အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံပေးမယ်လို့ ကတိပေးခဲ့တာကြောင့် လမ်းတ၀က် မှာ ပြန် လှည့်ခဲ့တယ်လို့ ဒီကနေ့အခြေအနေကို အခုလိုပြောပြပါတယ်။
"သူတို့ကတော့ ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ပြောတာပေါ့နော်၊ ဒါပေမယ့် ပြေလည်အော င်ဆောင်ရွက်ပေးမယ်ဆိုတာက လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကလည်း ဖြစ်ခဲ့တဲ့ကိစ္စပဲလေ၊ အခုက ၄ လပိုင်းတောင် ရောက်လာပြီ၊ ဘာမှပြေလည်မှုမရှိဘူးလေ၊ ပြေလည်မှုမရှိတဲ့အတွက် ကျနော်တို့ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အဖြစ်တွေ ကြုံတွေ့နေရတာပေါ့၊ ဒါပေမယ့် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်နဲ့ ပြေလည်အောင် ညှိနှိုင်းပေးဖို့ မနက်ဖြန် ၉ နာရီကို တောင်ကြီးမြို့ကို ရောက်အောင်လာခဲ့ပါတဲ့၊ သူတို့ကဒါမျိုး ခေါ်ထားတာပေါ့နော်၊ ပြီးတော့ ဟိုတယ်ဇုံကို ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့လူနဲ့ တွေ့ခွင့်ပေးမယ်တဲ့၊ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျနော်တို့မသိသေးဘူး၊ အဲဒါကျနော်တို့ကလည်း ပြေလည်မှုတကယ်ရှိမယ် ဆို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ မနက်ဖြန်သွားတွေ့မယ်၊ အဲဒါတကယ်လို့ ပြေလည်မှုမရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီလိုပဲဆက်လက်ပြီးတော့ လမ်းလျှောက်သွားမှာပဲ"