Monday, June 30, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်ခန့်ဖို့ ရခိုင်လွှတ်တော် အတည်ပြု

Monday, June 30, 2014
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့်အပ်တာဝန်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အခုလို အတည်ပြုလိုက်တာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်ကွက်ဖို့ မရနိုင်တဲ့အတွက် မကန့်ကွက်ကြတာလို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ လွှတ်တော် ထပ်ခေါ်ဖို့ရှိတယ်။

ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဓါတ်ပုံပြပွဲ မြန်မာသမ္မတ တက်ရောက်


Monday, June 30, 2014

တရုတ်ပြည် ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို တရုတ် ဒု သမ္မတ လီယွမ်ချောင်း၊ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ အိန္ဒိယ ဒု သမ္မတ မာမစ် အာဆာရီ တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ ဓါတ်ပုံပြပွဲမှာ ၁၉၅၄ ခုနှစ်က တရုတ်၊ အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ ကမကထပြု ဆောင်ရွက်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် ဓါတ်ပုံပေါင်း (၈ဝ) ကျော် ပြသ ခဲ့ပါတယ်။

ဒီအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ဘေဂျင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်


Monday, June 30, 2014

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ်အတွင်း လာရောက်မှာ ဖြစ်ပါတယ်။

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် သြစတေးလျ က အားပေးထောက်ခံ နေကြောင်း ထပ်မံအတည်ပြုပြောကြားမှာဖြစ်သလို၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးလမ်းစ ရှာဖွေရာမှာ နဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေကြောင့် လုံခြုံရေး နဲ့ လူသားချင်းစာနာကူညီမှုတွေ အတွက် သြစတေးလျ ရဲ့ အရေးပါတဲ့နေရာ တွေအကြောင်း ဆွေးနွေးပြောဆိုမယ်လို့ သိရပါတယ်။

အပူပိုင်းဒေသများ၏အခြေအနေ အစီရင်ခံစာထုတ်ပြန် ပညာရေးကဏ္ဍ အရေးကြီးပုံကို ဒေါ်စု ထောက်ပြ


Monday, June 30, 2014

ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသများ၏ ဂေဟစနစ်၊ လူမှုစနစ်(ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှု)၊ စီးပွားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စသည့် ကိစ္စရပ်များအပေါ် လေ့လာထားသည့် အစီရင်ခံစာတစ်စောင်ကို ရန်ကုန်မြို့၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ဇွန်၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“ခုခေတ်မှာ နိုင်ငံရေးဆိုတာ အားလုံးချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ကျွန်မတို့ အတူတကွယှဉ်တွဲနေထိုင်ဖို့ သင်ယူရပါမယ်။ ကျွန်မတို့ နေထိုင်တဲ့နေရာမှာတင်မဟုတ်ဘဲ တခြားကမ္ဘာမှာပါ ဘာတွေဖြစ်နေတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီလိုပြုမိဖို့လည်း ပညာရေးက အရေးကြီးပါတယ်”ဟု အစီရင်ခံစာထုတ်ပြန် ကြေညာပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများဘ၀ မလုံခြုံနိုင်


Monday, June 30, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများ ဘ၀လုံခြုံမှုရှိလာမည်ဟု မယုံကြည်ဘဲ တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် အမျိုးသမီးတို့၏ ဘ၀လုံခြုံမှုရှိမည်ဖြစ်သည်ဟု စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က Orchid Hotel ဟိုတယ်တွင် ဇွန်၂၉ ရက်က ပြုလုပ်သည့် ယနေ့ခေတ်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်အနာဂတ် ဟောပြောပွဲတွင် မဇ္ဈိမကို ပြောသည်။

“မြန်မာအမျိုးသမီးတွေအတွက် ၁၉၅၄ လက်ထပ်မင်္ဂလာ ဥပဒေရှိပြီးသားပါ၊ အဲဒီ့ ဥပဒေကို အဆင့်မြှင့် လိုက်ရင်ရပြီ၊ ဘယ်ဥပဒေတွေကိုပဲ ပြဋ္ဌာန်းပါစေ၊ ဥပဒေကအသက်ဝင်ဖို့ပဲ လိုပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား


Monday, June 30, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်က အာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

“တိုင်းသူပြည်သားတွေလည်း သိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့ မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ၃၃ သိန်းကျော်ရပြီ


Monday, June 30, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထောက်ခံလက်မှတ် ကောက်ယူမှုမှာ ဇွန်၂၇ ရက်ထိ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လက်မှတ်စုစုပေါင်း ၃၃ သိန်းကျော် ရရှိနေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ဇွန် ၂၉ တွင် မဇ္ဈိမကို ပြောသည်။

“ပြီးခဲ့တဲ့ သောကြာနေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေက ပါတီဗဟိုဌာနချုပ်ကို စာရင်းတွေ ပေးပို့ခဲ့ကြပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ပေါင်း ၃၃ သိန်းကျော် ရရှိနေပါပြီ”ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်


Monday, June 30, 2014

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါညီလာခံကို ဇူလိုင် တတိယပတ်တွင် ပြုလုပ်ရန်လျာထားပြီး တိုင်းရင်းသားခေါင်း ဆောင်များ သွားရေးလာရေး နှင့် ပတ်သက်၍ကူညီပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အကြီးတန်းအရာရှိကြီး တစ်ဦးကပြောသည်။

ရဟန်းသံဃာများ နိုင်ငံရေးတွင် ပါဝင်ရန် မသင့်၊ မဲပေးခွင့်ကို မစွက်ဖက်သင့်ဟု ဓမ္မပီရဆရာတော်မိန့်


Monday, June 30, 2014

မြန်မာနိုင်ငံတွင် ယနေ့ရဟန်းတော်အချို့က အာဏာနိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် မဲပေးခွင့်အပါအ၀င် မည်သူ့ကို မဲပေးသင့်ပြီး မည်သူ့ကို မဲပေးရန် မသင့်လျော်ဟု ၀င်ရောက်ပြောဆိုနေခြင်းသည် မသင့်လျော်ဟု ဓမ္မပီရဆရာတော် အရှင်သံဝရလင်္ကာရက ဇွန်လ ၂၈ ရက်နေ့က SuLe Shangrila တွင် မွန်းလွဲ ၁ နာ ရီခန့်က ပြုလုပ်ကျင်းပသည့် မေတ္တာတရားနှင့် နိုင်ငံတော်ဟူသော ဆွေးနွေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ဓမ္မပီရဆရာတော်က “ဘုန်းကြီးတွေနဲ့ နိုင်ငံရေးဆိုင်မဆိုင်ဆိုတာက အတိုင်းအတာတစ်ခုအထိတော့ ရှိမှာပေါ့လေ။ နိုင်ငံရေးမှာ တစ်နည်းအားဖြင့် တော်လှန်ရေးနဲ့တည်ဆောက်ရေးဆိုပြီး အပိုင်း နှစ်ပိုင်းရှိပါတယ်။ တောင်လှန်ရေးကာလလို့ ပြောလို့ရတဲ့ ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်တဲ့အချိန်မှာ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရလို ဘုန်းကြီးတွေ ပါဝင်တယ်။ တော်လှန်ရေးမှာ ဓမ္မနဲ့ အဓမ္မကို တော်လှန်ကြမယ်ဆိုရင်တော့ ဘုန်းကြီးနဲ့ ဆိုင်ပါတယ်။ ဘုန်းကြီးသည် ဓမ္မနဲ့ တိုက်ရိုက်ပတ်သက်နေလို့ အဓမ္မကိုတော်လှန်သင့်ပါတယ်။ အဓမ္မကြီးစိုးနေသမျှ ဘုန်းကြီးတို့ ပါရမှာပါ။ တည်ဆောက်ရေးမှာလည်း ပရဟိတလုပ်နေတဲ့ ဆရာတော်တွေ ရှိပါတယ်။ အာဏာနဲ့ ပတ်သက်ရင်၊ ပါတီနဲ့ပတ်သက်ရင် တိုက်ရိုက် မပတ်သက်တာပဲ ကောင်းပါတယ်”ဟု မိန့်ကြားခဲ့သည်။

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်


Monday, June 30, 2014

ရန်ကုန်မြို့က ကိုအောင်ခိုင်မျိုးရေးတဲ့ စာမှာတော့ ဘုရင့်နောင်လမ်းဆုံနဲ့ ဘုရင့်နောင်ဈေးကြားမှာ ခန္ဓာကိုယ်နဲ့ရင်းပြီး စီးပွားရှာနေကြတဲ့ မိန်းကလေးတွေအကြောင်းကို ဖော်ပြရင်း ဘယ်လိုလုပ်ကြရင် ကောင်းမလဲလို့ရေးလာတဲ့ စာကို ဖတ်ပြီး ငယ်ငယ်ကသင်ခဲ့ရတဲ့ “ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်”ဆိုတဲ့ ကဗျာလေးကို သတိရမိပါတယ်။

သူပြောတဲ့နေရာတစ်ဝိုက်က တည်းခိုခန်း၊ အနှိပ်ခန်းတွေမှာ ခန္ဓာကိုယ်နဲ့ရင်းပြီး စီးပွားရှာနေကြတဲ့ မိန်းကလေးတွေကို အနိုင်ကျင့်ခေါင်းပုံဖြတ်စားနေသူတွေရဲ့ အကြောင်းကိုတော့ တာဝန်ရှိသူတွေရော တာဝန်မရှိသူတွေပါ သိကြပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေ မပပျောက်သလို အားလုံးကြောင့်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ရှည်ကြရန် ဝန်ကြီးပြောကြား


Monday, June 30, 2014

မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် မှန်ကန် သောလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဟုယုံကြည်ကြောင်းပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ခင် စန်းရီက သတင်းထောက်များ အားပြောကြားသည်။

ပညာရေးဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်စရာအများအပြားရှိနေသောကြောင့် စတင် ချိန်တွင် နှေးကွေးနေနိုင်ပြီး ဆန္ဒ မစောဘဲစိတ်ရှည်ရှည်ထားရန်လို အပ်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကဆို သည်။

Friday, June 27, 2014

ပုဂံမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းဖို့ ဂျပန်ကူညီမည်

Friday, June 27, 2014
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ပုဂံမြို့ရဲ့ သမိုင်းဝင် ရှေးဟောင်းပစ္စည်းစာရင်းတွေကို ပြန်လည်ပြီးစာရင်းပြုစုဖို့ နိုင်ငံတကာရဲ့ အထောက်အပံ့ကိုရရှိ တော့မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဂျပန်နိုင်ငံက ကူညီမှာဖြစ်ပြီးတော့ ယူနက်စကိုကလည်း နည်းပညာပိုင်းအရ ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။

မတူပီမြို့တွင် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆို ထားသော ခေါင်းဆောင် (၄) ဦး အာမခံရရှိ

Friday, June 27, 2014

ချင်းပြည်နယ်၊ ရေဇွာ မြို့နယ်ခွဲတွင် ဇွန်လ(၁၀)ရက်နေ့က စစ်သားတစ်ဦးမှ ချင်းအမျိုးသမီးကို အဓမ္မပြုကျင့် ခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြသော ခေါင်းဆောင်လေးဦးကို ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်မှုဖြင့် ဇွန်လ( ၂၅)ရက်တွင် ပုဒ်မ (၁၈)ဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် အာမခံ ပေးထားကြောင်း မတူပီ ရဲစခန်းမှ ဒုရဲမှူး ဦးဘင်နီဖျင်းက The Messenger Media သို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံသော်လည်း ဆုံရပ်အဖြစ် ရှစ်လမ်းဆုံကို တင်ထားသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ် နိုင်သည်ဟု အကြောင်းပြပြီး ခွင့်ပြုချက် မပေး ခဲ့ကြောင်း သိရသည်။

ရာဇာမင်းယာဉ်တိမ်းမှောက်မှု ဒဏ်ရာရရှိသူ ၂၁ ဦး အာမခံကြေး ကျပ် ၈၂ သိန်းကျော် ရရှိ


Friday, June 27, 2014

၂၀၁၄ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သောရာဇာမင်း ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၁ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး စုစုပေါင်း ၈၂ သိန်းကျော် ပေးအပ်ခဲ့သည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါ အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးပေးအပ်ရာတွင် ဆေးရုံတွင်ရှိ နေသူ တစ်ဦးနှင့် စာရွက်စာတမ်း မပြည့်စုံသူလေးဦး ကျန်ရှိနေသေးသည်ဟုလည်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေးသိပ္ပံ ပ ညာရှင် ဟောကိန်းထုတ်

Friday, June 27, 2014

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်းထုတ်လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မှစတင်ကာ ၂၀၁၃ ခုနှစ်အထိ တိုးတက်မှုများကို မြင်တွေ့ရသော်လည်း ၂၀၁၄ ခုနှစ်စ၍ ပြုပြင်ပြောင်းလဲမှုများ မရှိတော့ဘဲ နှစ်ဖက်ခေါင်းဆောင် (ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်)တို့ ကျောခိုင်းနေကြခြင်းသည် စိုးရိမ်ရန်အချက်ဖြစ်သည်ဟု ၎င်းက ရှုမြင်ခြင်းဖြစ်သည်။

သန္တိသုခနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုဟု ဦးခင်ညွန့်ပြောကြား


Friday, June 27, 2014

ရန်ကုန်- မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်သည့်ကိစ္စများအတွက် မည်သည့်မှတ်ချက်မှမပေးလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဇွန်လ ၂၇ ရက်က ပြောကြားလိုက်သည်။

လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးသင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ဒုတိယအကြိမ်တရားရင်ဆိုင်ရမည့် ဇွန်လ ၂၇ ရက် မနက်တွင် ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် သတင်းများကြောင့် ဦးခင်ညွန့်နေထိုင်ရာအိမ်သို့ သွားရောက်စောင့်ဆိုင်းနေသည့် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟောင်း က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ


Friday, June 27, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ ရဲတပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် လ/၁၉၄၉၁၃ ရဲတပ်သား ထွန်းတင် ဆိုသူဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးကင်းအမှတ် 8MCC နေရာရှိ ဘား တိုက်ရှေ့တွင်ထိုင်နေစဉ် အမျိုးသမီးတစ်ဦး၏ ဓားဖြင့်ထိုးမှုကို ခံရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရ သည်။

အစိုးရသစ် လက်ထက်တွင် ကျဆုံး တပ်မတော်သားများအတွက် ကျပ်သိန်း နှစ်သောင်းကျော် ထောက်ပံ့ထားဟုဆို

Friday, June 27, 2014

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း အပစ်အခတ် ရပ်စဲထားနိုင်ခြင်း မရှိသေးသည့် ဒေသများတွင် ကျဆုံးခဲ့သော တပ်မတော်သားများ အတွက် အစိုးရသစ်လက်ထက် လေးနှစ်ကျော် ကာလအတွင်း ငွေကျပ် ၂၃,၀၂၁ သိန်းကျော် ထောက်ပံ့ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိနှင့် အခြားအဆင့်များ စစ်ရေးတာဝန် ထမ်းဆောင်စဉ် တိုက်ပွဲကျ သေဆုံးပါက ကျပ်နှစ်သိန်းမှ ဆယ်သိန်းအထိ ပေးအပ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

မြန်မာငပုတွေ ဘယ်တော့ သန်မာထွားကျိုင်းမှာလဲ

Friday, June 27, 2014

ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကိုပြောတိုင်း မဖြစ်မနေ ထည့်သွင်းစဉ်းစားလာရတဲ့ ကိစ္စတခုကတော့ လူသား ရင်းမြစ် ဖွံ့ဖြိုးလာတာကို ထည့်သွင်းတွက်ချက်ဖို့ လိုလာပါတယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးလာဖို့ဆိုတဲ့ နေရာမှာ လည်း ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်။ ပထမတမျိုးကတော့ အသိပညာ၊ အတတ်ပညာဆိုတဲ့ ပညာတွေကို တတ်မြောက်ခြင်းဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကိုယ်ကာယအားဖြင့် ဖွံ့ဖြိုးခြင်းဆိုတာလည်း တချိန် တည်းမှာ ကပ်ပါနေပါတယ်။

ဒီတပတ်မှာ ပြောချင်တဲ့ ကိစ္စကတော့ ဒုတိယ အမျိုးအစား ဖြစ်တဲ့ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျန်းမာ သန်စွမ်းခြင်း အကြောင်းပါ။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်ပါရဲ့လား။ မြန်မာနိုင်ငံသားတွေ သန်မာထွားကျိုင်းပါသလား။ အားမနာတမ်း ပြောရရင်တော့ မြန်မာ နိုင်ငံသားတွေရဲ့ ကာယဖွံ့ဖြိုးမှုဟာ နောက်ကျကျန် နေရစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ အရပ်အမောင်း ပုသထက် ပုလာတာကို လက်တွေ့ မြင်နေရပါတယ်။

ဘင်္ဂလီဟု အခေါ်ခံရ၍ ဘင်္ဂလီကျောင်းသားတွေ ဆန္ဒပြ

Friday, June 27, 2014
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ငါးခူရကျေးရွာ အထက ကျောင်းမှာ ဇွန်လ - ၂၅ - ၂၀၁၄ ရက်နေ့ က ဘင်္ဂလီကျောင်းသား ၆၇ ဦး ကျောင်းမတက်ပဲ ဆန္ဒပြခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိ ပါတယ်။

အဆိုပါ ကျောင်း အဌမတန်း အတန်းပိုင်း ဆရာမ ဒေါ်ခင်ခင်စိုး က စာသင်ကြားနေစဉ် ကျောင်းသားများ အား " အချိန်ပြည့်ကျောင်းတက်ရန် ၊ တ၀က်တပျက် ကျောင်းတက်တာမျိုး မပြုလုပ်ရန် ၊ ဒီလိုပြောရတာ ရခိုင် / ဗမာ / ဘင်္ဂလီ / ဟိန္ဒူ ကျောင်းသား ဆိုပြီ ခွဲခြားပြောဆိုခြင်း မဟုတ်ကြောင်း ၊ ကျောင်းသား အားလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း " ကျောင်းသားတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

Wednesday, June 25, 2014

‘သမ္မတရဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး’’

‘သမ္မတရဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး’’

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း

Wednesday, June 25, 2014
ယခုရက်ပိုင်း အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ထပ်မံပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် တိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲအချို့ဖြစ်ပွားနေသည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ခုတတိယပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ နုတ်ထွက်ခွင့်ပြုလိုက်ပြီး။ နောက် တခြားနာမည်ကြီးဝန်ကြီးချုပ်တွေကိုရော အနားပေးဖို့ရှိလား။

ဘရာဇီးကမ္ဘာ့ဖလားမှာ ဆွာရက်ဇ် ကိုက်အုန်းမယ်လို့ ငွေ သုံးပေါင်နဲ့ လောင်းခဲ့တဲ့ ပရိသတ် ပေါင် ၅၀၀ အနိုင်ရရှိ

Wednesday, June 25, 2014


နော်ဝေးလူမျိုး ဘောလုံးပရိတ်သတ်တစ်ဦးဟာ ဘရာဇီးကမ္ဘာ့ဖလားမှာ ဘောလုံးသမားတစ်ယောက်ယောက် ကို ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ကိုက်မယ်လို့ လောင်းခဲ့ရာမှာ ပေါင် ၅၀၀ အနိုင်ရရှိခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ အရင်နှစ်တွေတုန်းကလည်း တခြားကစားသမားတွေကို နှစ်ကြိမ်ကိုက်ခဲ့ဖူးပြီး၊ နော်ဝေး ပရိတ် သတ်ဟာ ဒီကမ္ဘာ့ဖလားမှာလည်း ဆွာရက်ဇ် တစ်ယောက်ယောက်ကို ကိုက်အုန်းမယ် ဆိုတဲ့ အပေါ် ငွေ သုံးပေါင် လောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။

ကျပ်သိန်း၁၀၀ချီးမြှင့်မည့်မိုဘိုင်းတေးသွားငွေကြယ်ပွင့်ပြိုင်ပွဲကို တယ်လီနော ကျင်းပမည်

Wednesday, June 25, 2014
ပထမဆု ကျပ်သိန်း၁၀၀ချီးမြှင့်မည့် မိုဘိုင်းတေးသွားငွေကြယ်ပွင့်ပြိုင်ပွဲကို တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီမှကျင်းပမည်ဟုသိရသည်။မြန်မာနိင်ငံတွင် ပထမဆုံးမိုဘိုင်းတေးသွားငွေကြယ် ပွင့်ပြိုင်ပွဲကို ယခုလ ၂၆ ရက်နေ့မှ ဇူလှိုင်လ ၂၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီးပထမဆု ကျပ်သိန်း၁၀၀၊ ဒုတိယဆု ကျပ်သိန်း၂၀၊တတိယဆုကျပ်သိန်း၂၀ နှင့် ကျပ်၁သိန်းတန်ဖိုးရှိကံစမ်းမဲ ၁၀၀ချီးမြှင့် မည်ဖြစ်ကြောင်းသိရသည်။

" ပြိုင်ပွဲဝင်တွေရဲ့ကိုယ်ပိုင်ဖန်တီးမှု၊စိတ်ဓါတ်ပြင်းပြမှုနဲ့ကိုယ်ပိုင်အရေအသွေးတွေမြင်ရဖို့မျှော်လင့်ထားပါတယ်၊
ပထမဆုံးမိုဘိုင်းတေးသွားငွေကြယ်ပွင့်ဖြစ်လာပြီးကိုယ်ပိုင်သံစဉ်ကိုမြန်မာနိုင်ငံအနှံ့ ကြားရမဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာပါ"ဟုတယ်လီနောမြန်မာ၏တေးသွားငွေကြယ်ပွင့်ပြိုင်ပွဲမှပြောရေးဆိုခွင့်ရှိသူ
ကိုနေမျိုးထွန်းကယနေ့ပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောသည်။ယင်းပြိုင်ပွဲမှအနိုင်ရရှိသောမယ်လိုဒီသံစဉ်ကိုတယ်လီနောတွင်အသံပိုင်းဆိုင်ရာအသုံးပြုမှုများပြုလုပ်သွားမည်ဖြစ်ပြီးတီဗွီနှင့်ရေဒီယိုများတွင်ပြုလုပ်သော
အရောင်းမြှင့်တင်မှုအစီအစဉ်များတွင်ပါဝင်မည်ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတ သ၀ဏ်လွှာပို့

Wednesday, June 25, 2014 

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့

ဇွန် ၂၅ ရက်တွင် သမ္မတက သ၀ဏ်လွှာပေးပို့လိုက်ပြီး ဖြစ်သည်ဟု ကျောက်တော်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကမဇ္ဈိမကိုပြောသည်။

“သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားတယ်၊ ၃၀ ရက်နေ့မှာ လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်”ဟု ဦးစောငြိမ်းကပြောသည်။

Tuesday, June 24, 2014

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော

Tuesday, June 24, 2014

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။

သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

“ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။

နာဇီပုံစံအခင်းအကျင်းနဲ့ စားသောက်ဆိုင်ကို အင်ဒိုနီးရှားမှာ ပြန်လည်ဖွင့်လှစ်

Tuesday, June 24, 2014
ဝေဖန်အငြင်းပွားစရာ နာဇီပုံစံဆိုင်အခင်းအကျင်းနဲ့ ကော်ဖီဆိုင်ကို နိုင်ငံတကာက ၀ိုင်းဝန်ပြစ်တင်ရှုတ်ချ မှုတွေ ခံခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ဆိုင်ပြန်မဖွင့်ခင် နာဇီအမှတ်အသားစကြာပုံကိုတော့ ဖယ်ရှားပစ်ဖို့ ပိုင်ရှင်က ကတိပြုခဲ့ပေမယ့် လွန်ခဲ့တဲ့ အပတ်က ဆိုင်ပြန်ဖွင့်ပြီးမှာတော့ ဆွာစတြိက အမှတ်အသားကို အထင်းသားကြီးတွေ့ နိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့ မှာ ဖွင့်လှစ်ခဲ့တဲ့ SlodatenKaffee စားသောက်ဆိုင်ဖွင့်ပွဲကို တက်ရောက်လာသူတွေဟာ နာဇီ စစ်ယူနီဖောင်းတွေ ၀တ်ဆင်ပြီး တက်ရောက်ခဲ့သလို တစ်ချို့ ကလည်း စစ်အကျဉ်းသားဝတ်စုံတွေနဲ့  တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်နေရာ ရွေးချယ်တင်မြှောက်မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ကြေညာချက်ထုတ်ပြန်

Tuesday, June 24, 2014
အသစ်ခန့်အပ်တာဝန် ပေးအပ်မည့် ရခိုင်ပြည်နယ်ဝန် ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ရမည့်အပြင် ရွေးချယ် တင်မြှောက်ခြင်းခံရသော ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် များထဲမှသာ ဖြစ်ရမည်ဟု ရခိုင် အမျိုးသားပါတီ (ANP) က ဇွန်လ ၂၃ ရက်တွင် သဘောထားထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၁၉ ရက်က ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပြီး ငါးရက်အကြာ တွင် ANP က ယင်းကဲ့သို့ ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ကြိုတင်မဲပေးပြီးသူစာရင်း ထုတ်ပြန်ပေးရန် ကော်မရှင်စီစဉ်နေ

Tuesday, June 24, 2014

ရွေးကောက်ပွဲများမကျင်းပမီ ကြိုတင် ဆန္ဒမဲပေးပြီးသူများစာရင်းကို ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမ ကို ဇွန်လ ၂၃ ရက်တွင် ပြောသည်။ ကြိုတင်ဆန္ဒမဲပေးသူများ၏စာရင်းများကို သက်ဆိုင်ရာမဲရုံများ သို့မဟုတ် ကော်မရှင် ခွဲရုံးများတွင် ထုတ်ပြန်ပေးနိုင်ရေးအတွက် ကော်မရှင်က စဉ်းစားနေသည်ဟု ၎င်းက ဆိုသည်။

“အခုလုပ်နေတဲ့ နည်းဥပဒေထဲမှာ ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားနေတယ်။ အဲဒီတော့ လာလေ့လာသူတွေအတွက်လည်း လွယ်သွားတာပေါ့။ နည်းဥပဒေကိုလည်း ကော်မရှင်ဘက်က ပြီးတဲ့ အနေအထားရှိပေမယ့် ပါတီတွေက တင်လာတဲ့ အချက်တွေကို ပြန်စဉ်းစားပေးနေသေးတာရယ်ကြောင့် အခုထိမထုတ်ရသေးတာ”ဟု ဦးသောင်းလှိုင်က ပြောသည်။

ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ မည်သည့်နေရာတွင် ထားသည်ကိုပင် မိသားစု သိခွင့်မရ

Tuesday, June 24, 2014

ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့်အတူ ဖမ်းဆီး စစ်ဆေးခံနေရသည့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်းကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုပင် မိသားစုများ သိခွင့်မရသေးဟု ကာယကံရှင်တို့က မဇ္ဈိမကို အတည်ပြုသည်။

“ကြာသပတေးနေ့က အလုပ်သွားချိန်က စပြီး အခုထိ ဆက်သွယ်လို့လည်း မရဘူး။ ဖမ်းထားတယ်ပဲ နောက်ပိုင်းကြားတယ်။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း မသိရဘူး။ စိတ်လည်းပူနေရတယ်။ အိမ်ကိုလာပြီးတော့ စစ်တယ်။ ရုံးကို ၀င်စစ်တဲ့နေ့မှာ၊ အန်တီ (ဦးဆန်းဆင့်၏ဇနီး)ကိုတော့ နေအိမ်အကျယ်ချုပ်ထားတယ်လို့ ကြားတယ်။ ဘယ်မှာ ထားမှန်းမသိတော့ စိတ်ပူနေရတာပေါ့”ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွား၍ စီးပွားရေးအခွင့်အလမ်းပွင့်လာ ပျူမြို့ဟောင်းသုံးမြို့မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပထမဆုံး မြန်မာမြို့ဟောင်းသုံးမြို့ဖြစ်

Tuesday, June 24, 2014
ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အ ဖြစ် ယူနက်စကိုက သတ်မှတ် လိုက်သောကြောင့် ရှေးဟောင်း မြို့များ ထိန်းသိမ်းရန် ငွေကြေးနှင့် နည်းပညာအကူအညီများ ပိုမိုရရှိ လာမည့်အပြင် စီးပွားရေးအခွင့် အလမ်းများစွာ ဖန်တီးနိုင်တော့ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်များကပြောသည်။

 ပျူမြို့ဟောင်း သုံးမြို့ဖြစ် သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် (World Hertiage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်း ပနေသော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီ လာခံ၌ ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထောက်ခံချက်ဖြင့် ပျူမြို့ ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်အဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ရှေးဟောင်းယဉ်ကျေးမှုနယ် မြေများစွာရှိသော်လည်း ယူနက် စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်အဖြစ်အသိအမှတ်ပြုခံရမှုမှာ ပျူမြို့ဟောင်းသုံးမြို့သည် ပထမ ဆုံးဖြစ်သည်။

ထိုင်း မြန်မာ ဖက်စပ်ဆေးရုံတွေ ဖွင့်လှစ်မည်

Tuesday, June 24, 2014

မြန်မာနိုင်ငံက မြို့သုံးမြို့မှာ ထိုင်းနဲ့ မြန်မာ ဖက်စပ် ဆေးရုံတွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်တော့ မယ်လို့ သိရပါတယ်။ဖက်စပ်ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံ သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စုနဲ့ မြန်မာနိုင်ငံ အောင်ရွှေထီး ကုမ္ပဏီအုပ်စု တို့ တနင်္လာနေ့က နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။သဘောတူညီချက်အရ ရန်ကုန်၊ မန္တလေးနဲ့ ထန်းတစ်ပင်မြို့တွေမှာ သုံးနှစ်အတွင်း ပုဂ္ဂလိက ဆေးရုံတွေ တည်ဆောက် ကြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ထိုင်း ဘတ်ငွေသန်းတစ်ထောင် ကုန်ကျမယ့် ကုတင် (၁၅၀)ဆန့် ဆေးရုံကို ၂၀၁၅ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်ဖို့ ရည်မှန်ထားကြောင်း သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စု ဥက္ကဌက ပြောပါတယ်။ အလားတူ မန္တလေးနဲ့ ထန်းတစ်ပင် မြို့တွေမှာလည်းဆေးရုံတွေ တည်ဆောက်မှာဖြစ်ပြီး၊ စုစုပေါင်း သုံးနှစ်အတွင်း ကုန်ကျငွေ ထိုင်းဘတ်ငွေ သန်း ငါးထောင်ကျော် ကုန်ကျမယ်လို့ဆိုပါတယ်။

ဦးဆန်းဆင့်ကို စစ်ဆေးနေသည့် အကြောင်းအရာများ ထုတ်ပြန်ဦးမည် မဟုတ်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို

Tuesday, June 24, 2014
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရပြီး ဖမ်းဆီးခံထားရသော ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနက မည်သည့် အကြောင်းအရာများ စစ်ဆေးနေသည်ကို ထုတ်ပြန်ဦးမည် မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
“ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ဘာကိစ္စမှ ထုတ်ဖော်ပြောလို့ မရသေးပါဘူးဗျ” ဟု ၎င်းကဆိုသည်။

ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်တွင် ဖမ်းဆီးထားခြင်းကိုလည်း အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်းလည်း ၎င်းက မီဒီယာများကို ထပ်လောင်း ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့က ဦးဆန်းဆင့်ကို ဝန်ကြီးရာထူးမှ ထုတ်ပယ်ပြီး ပုပ္ဗသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် အစိုးရအဖွဲ့က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

Monday, June 23, 2014

ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်

Monday, June 23, 2014
အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး တစ်ဦးကို လက်စားချေ သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အချက်အခြာမြို့ အားလုံးလိုလို ISIS တို့လက်အောက် ကျရောက်

Monday, June 23, 2014
 အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အချက်အခြာ မြို့အားလုံးလိုလိုကို စစ်သွေးကြွများက ထိန်းချုပ်ထားလိုက်သည့်နောက် ဘဂ္ဂဒက်မြို့တော်၏ လုံခြုံရေးသည် ကြီးကြီးမားမား ခြိမ်းခြောက် ခံလာရပြီ ဖြစ်သည်။

ဆွန်နီအစ္စလာမ်မစ် တိုက်ခိုက်ရေးသမားများ၏ ကျောထောက်နောက်ခံ ပံ့ပိုးမှုနှင့်အတူ ISIS စစ်သွေးကြွများသည် ရွတ်ဘားမြို့ကိုလည်း သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ဂျော်ဒန်နှင့် နယ်စပ်ဒေသမှ မိုင်(၉၀)မျှ အကွာတွင် တည်ရှိသည့် ရွတ်ဘားသည် ISIS တို့ လက်အောက်သို့ နှစ်ရက်အတွင်း စတုတ္ထမြောက်အဖြစ် ကျရောက်ခဲ့သော မြို့လည်း ဖြစ်လာသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ရပခရှေ့ ဆန္ဒပြရန် စီစဉ်မှု ပယ်ချခံရ

Monday, June 23, 2014

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ရှေ့တွင် တောင်သူလယ်သမား ၃၀၀ကျော်က ဇွန် ၂၃ ရက်တွင် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခံထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချလိုက်သဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်အရေးဆိုထားသော်လည်း အကြောင်းပြန်ကြား လာခြင်း မရှိသေးဟုတောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးတင်ရွှေက မဇ္ဈိမကိုပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချခဲ့ပြီး ပြည်နယ်ရဲရုံးသို့ တင်ပြထားရာတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးက နှစ်ကြိမ်တိုင်ခေါ်ယူတွေ့ဆုံခဲ့ပြီး ခေတ္တ ဆိုင်းငံ့ထားပေးရန်ပြောဆိုထားသည် ဟုလည်း ဦးတင်ရွှေကဆိုသည်။

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ကို ပြန်ကြားရေး တရားစွဲတော့မယ်


Monday, June 23, 2014

မြန်မာစာဖတ် ပရိသတ်တွေရဲ့ ကြားမှာ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ အမည်ရ စာအုပ်ကို တရားစွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးက ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုလာပါတယ်။

ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ အဲဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေက ညစ်ညမ်းစာပေနဲ့ အကျုံးဝင်နေတဲ့အတွက် တရားစွဲဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
“လိင်ကိစ္စကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရေးသားချက်က ညစ်ညမ်းစာပေထဲမှာ သွားအကျုံးဝင်နေတယ်။ လူငယ်တွေအတွက် အန္တရာယ်ရှိနေတယ်” လို့ သူက ဆိုပါတယ်။

အင်အားပြင်းငလျင် လှုပ်နိုင်၊ သတိထားရန်လိုဟု ပညာရှင်ဆို

Monday, June 23, 2014

မြန်မာနိုင်ငံတွင် အင်အားကြီးငလျင်လှုပ်ခဲ့ခြင်းမှာ နှစ် ၈၀ ခန့်ကြာနေပြီဖြစ်ပြီး အချိန်မရွေး တစ်ကျော့ပြန် ပြန်လှုပ်နိုင်သောကြောင့် သတိထားရန်လိုသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံမှာက ငလျင်ဖြစ်နိုင်ခြေ အမြဲရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောကလည်း ၁၉၅၆ ခုနှစ်တုန်းကပဲ လှုပ်ခဲ့ပြီး
နောက်ပိုင်းထိ မလှုပ်တာကြာပြီဆိုတော့ ဒီလိုငလျင်ကြီးတွေ အချိန်မရွေးလာနိုင်ခြေရှိတယ်”ဟု ၎င်းက ပြောသည်။ ၁၉၅၆
ငလျင်သည် ပြင်းအား ၆ ဒသမ ၈ မှ ၇ ဒသမ ၃ အထိ လှုပ်ခဲ့သည်။

ခန္တီးမြို့နယ် ညောင်တရှောက်ရွာတွင် ဓားပြတိုက်မှုဖြစ်ပွား

Monday, June 23, 2014

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ညောင်တရှောက်ရွာဈေးဆိုင်တစ်ဆိုင်မှ ငွေကျပ် ၁၈ သိန်းနှင့်ရွှေထည်ပစ္စည်း ကျပ်သိန်း ၄၀ ကျော်ဖိုးဓားပြတိုက်လုယက် ခံရမှု ဇွန်လ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခန္တီးမြို့အထက်ပိုင်း သုံးမိုင် ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးတွင် ရှိသည့် ညောင်တရှောက်ရွာ ရှိ ဈေးဆိုင်တစ်ခုတွင် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီခန့်က မျက်နှာဖုံးစွပ်အမျိုးသားလေးဦးခန့်က သေနတ်ပစ်ဖောက်ကာ ရွှေနှင့်ငွေကျပ်သိန်း ၆၀ ခန့်ကို လုယက်ယူငင် သွားခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။

မြစ်ပေါ်မှာ မြစ်

Monday, June 23, 2014
ဓာတ်ပုံမှာမြင်တွေ့နေရတဲ့ ရေပေါ်မှ ရေတံတားဟာ ဂျာမနီနိုင်ငံမှာ တည်ရှိပြီး Water Bridge လို့အမည်ပေးထားပါတယ်။ ယင်းတံတားကို တည်ဆောက် ရန် ခြောက်နှစ်ကြာပြီး ယူရိုငွေ သန်း ၅၀၀ ကုန်ကျပါတယ်။

တံတားအောက်က မြစ်ကြောင်းလည်း အသွားအလာရှိသလို တံတားပေါ် က မြစ်ကြောင်းမှာလည်း သင်္ဘောများ နေ့စဉ် သွားလာလျက်ရှိပါတယ်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ခဲ့တဲ့ ဂျာမနီ အင်ဂျင်နေယာတွေကို ကမ္ဘာတစ်လွှားမှ ပညာရှင်များက လေးစားချီးကျူးခဲ့ပါ တယ်။

သန္တိသုခအရေး နှင့် ဦးဆန်းဆင့် ဖြုတ်ခံရမှု အပေါ် ဦးဝီရသူနှင့် ဦးပါမောက္ခ အမြင်

Monday, June 23, 2014


ပီနန် ဆရာတော်ကြီး ဦးပညာဝံသ နှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့ အကြား ပိုင်ဆိုင်မှု အငြင်းပွား လျက် ရှိသော မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်တိုင်း သာသနာ ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ၀င်ရောက်စီးနင်းချိတ်ပိတ်ခဲ့ပြီး သာသနာ ညှိုးနွမ်းစေမှုဖြင့် ကျောင်းတိုက် တွင် နေထိုင် သော ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း သံဃာတော် ၅ ပါး ကို လူဝတ်လဲ ဖမ်းဆီးခဲ့သည်။ ဇွန် ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံ ဆရာတော်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဦးဆ
န်းဆင့် ရုတ်တရက် ဖမ်းဆီးခံရခြင်း၊ ၀န်ကြီးရာထူး ဖြုတ်ခံရခြင်း၊ ဦးအံ့မောင်ကို ခေါ်ယူမေးမြန်းခြင်းဆိုသော နောက်ဆက် ဆွဲ များစွာ ပေါ်ပေါက်လျက်ရှိရာ ဧရာဝတီအကြီးတန်းသတင်းထောက် စနေလင်းက မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခတို့၏ အမြင်များကို တွေ့ဆုံ မေးမြန်း ထားပါသည်။

ဦးဝီရသူ

Friday, June 20, 2014

အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်

Friday, June 20, 2014
ကြည်လင်းတို့ ဇနီးမောင်နှံကို လက်ထပ်စာချုပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ကြည်လင်းဖေ့စ်ဘွတ်ခ်)

ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကိုကြည်လင်း လက်ထပ် ပြီးသွားပါပြီ။ မိန်းကလေးရဲ့ အဘွားအိမ်မှာ ဟိုဘက်မိဘ၊ ဒီဘက်မိဘတွေ့ပြီး ရပ်ကွက်လူ ကြီးအသိသက်သေရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ်ဖိတ်ပြီး ဗုဒ္ဓဘာ သာထုံးတမ်းစဉ်လာအရ လက် ထပ်ယူခဲ့တယ်။ ဒီနေ့ညနေ ၄ နာရီခွဲမှာ လက်ထပ်ခဲ့တယ်။ မင်္ဂ လာဧည့်ခံပွဲကိုတော့ ဒီတစ်လ၊ နှစ်လအတွင်းလုပ်ဖြစ်မှာပါ’’ဟု ကြည်လင်း၏ မင်္ဂလာကိစ္စလိုက် လံဆောင်ရွက်ပေးသူ ကိုမျိုးမြင့် သောင်းက ဇွန်လ ၁၉ ရက် ည နေတွင် ပြောသည်။

သမ္မတရာထူး ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သင့်လျော်ဟု အမျိုးသမီးအဖွဲ့များ ထုတ်ပြန်


Friday, June 20, 2014

လက်ရှိအချိန်တွင် နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးတာဝန်ဖြစ်သော သမ္မတရာထူးတာဝန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်သာ အသင့်လျော်ဆုံးဖြစ်သည်ဟု ယူဆကြောင်း အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ က ၎င်း၏ မွေးနေ့ ဇွန် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးဦးဆောင်မှုနောက်တွင် ခိုင်မာစွာရပ်တည်ကူညီ သွားမည်ဟုလည်း ယင်း အစုအဖွဲ့က ဆိုလိုက်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်ငူတွင် ဟောပြောမည်

Friday, June 20, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဇွန်လ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ပြည်သူလူထုကို ဟောပြောမည်ဖြစ်ကြောင်း မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၁ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ လူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက် တောင်ငူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း လူထုတွေ့ဆုံဟောပြောမှုများ ပြုလုပ်ခဲ့သည်။

7days

ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ

Friday, June 20, 2014




တာမွေတရားရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာငါးပါးကို စောင့်ဆိုင်းနေသူများ
ဖမ်းဆီးသံဃာတော်ငါးပါးကို သင်္ကန်းပြန်ဆီးပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ညှိနှိုင်းဆောင်ရွက်ရာတွင်ပါဝင်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)

Friday, June 20, 2014
ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင် ချိုမြို့အနီးမှာ ဖြစ်ပါတယ်။

အတိအကျအားဖြင့် မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာတွင် တည်ရှိပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတားလို့လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားပါတယ်။

မြင်းခုံတံတားဆိုလို မြင်းတွေခုံတယ်လို့ ဘာသာပြန်ရန်မဟုတ်ပါ။ The world largest trestle လို့ အသိမှတ်ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ မြန်မာအခေါ် ကတော့ မြင်းခုံ ဖြစ် ပါတယ်။

ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား KNU/KNLA ပြန်လာတောင်း


Friday, June 20, 2014

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မော်တော်ယာဉ်မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ မပြနိုင်၍ လွန်ခဲ့သော နှစ်ရက်က ဖမ်းဆီးထားသည့် 7D /0182 TOYOTA MARK II ခဲမဲရောင်မော်တော်ယာဉ်ကို ပြန်တောင်းရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် “ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) ဗိုလ်ကြီးသက်ချိုနှင့်အဖွဲ့ လာရောက်ခဲ့သည်ဟု အမှတ်(၁)၊ ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ဇွန် ၁၉ ရက် ပြောသည်။

“မြို့နယ်မှူးနဲ့ သွားတွေ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကားကို ပြန်လိုချင်တယ်။ ဌာနသုံးကား ဘာကြောင့် ဖမ်းတာလဲဆိုတာ သိချင်တယ်”ဟု ၎င်းက ဆိုသည်။

သန္တိသုခအရေး သမ္မတဖြေရှင်းရန် ပီနန်ဆရာတော် စာပို့မေတ္တာရပ်ခံ

Friday, June 20, 2014

ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က တာမွေ နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းကာ သံဃာတော်များအား ဖမ်းဆီးခဲ့ခြင်း၊ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာ ငါးပါးအား အတင်းအဓမ္မ လူဝတ်လဲ ရုံးတင်တရားစွဲခဲ့သည့်ကိစ္စ ကိုယ်တိုင်ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ ဇွန် ၁၇ ရက်က မေတ္တာရပ်ခံစာပိုခဲ့သည်ဟု ပီနန်ဆရာတော်က ဇွန် ၁၉ ရက် တွင် မဇ္ဈိမကို မိန့်သည်။

“ဒီကိစ္စကိုမြန်မြန်ရှင်းပေးပါ။ တစ်ကမ္ဘာလုံးကလည်း ယူကျုံးမရနဲ့ စိတ်မချမ်းမသာ ဖြစ်နေတယ်”ဟု ဆရာတော်ကမိန့်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဗြိတိန်ရောက် မြန်မာများ လက်မှတ်ရေးထိုး


Friday, June 20, 2014

အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာကျင်းပခဲ့ကြပါတယ်။

ဒီပွဲကို မလာနိုင်တဲ့သူတွေအတွက် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ လက်မှတ် ထိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက ပြောပါတယ်။

Thursday, June 19, 2014

ဒေါ်စုသမ္မတဖြစ်ရေး အမျိုးသမီး ၁၅ဦးက ထောက်ခံလှုပ်ရှားသွားမည်

Thursday, June 19, 2014

အမျိုးသမီးအဖွဲ့အစည်းများမှ အမျိုးသမီး ၁၅ယောက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ထောက်ခံ
လှုပ်ရှားမှုများတွင် ပါဝင်အားဖြည့်သွားမည်ဟု မေ့စွမ်းရည် မဂ္ဂဇင်းမှ အယ်ဒီတာ မပျိုးလက်ဟန်က မဇ္ဈိမပြောသည်။

ယင်းကဲ့သို့ ထောက်ခံကြောင်း ထုတ်ပြန်ချက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်၏ ၆၉နှစ်မြောက် မွေးနေ့ ဇွန်လ ၁၉ရက်၌ အမျိုးသမီး အဖွဲ့အစည်းများတွင် ပါဝင်သည့် အမျိုးသမီး ၁၅ယောက်က အဖွဲ့အစည်းများနှင့် မဆိုင်ဘဲ သီးခြား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သမ္မတအကြံပေးအဖွဲ့ တိုးချဲ့ဖွဲ့စည်း

Thursday, June 19, 2014

သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ များနှင့် ပတ်သက်၍ အကြံပေးရန် သာသနာရေး ၀န်ကြီးဟောင်း သူရ ဦးမြင့်မောင်အပါအ၀င် သံအမတ်ကြီးဟောင်း ဦးစိန်ဝင်း မောင်၊ အငြိမ်းစားဆေးရုံ အုပ်ကြီး ဒေါက်တာနုနုသာ၊ ယူနီဆက်ဖ်အဖွဲ့မှ အငြိမ်းစားဝန်ထမ်းဟောင်း ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်ထွဋ်ဦး တို့ကို နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့တွင် ထပ်မံတိုးချဲ့ခန့်ထားလိုက်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ကရင်တစီး ဗမာတစီး ချက်ခြင်းစီး

Thursday, June 19, 2014
ဆောင်းပါးတွေရေးတော့ ဘာဘဲပြောပြော နိုင်ငံရေးနဲ့ ပတ်သက်ရတာပေါ့။ အတည်ပေါက်တွေ ရေးရတာမို့ တခါခါ ဆောင်းပါး ဆိုတာတွေဟာ လူတွေကို ဆရာလုပ်နေသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ဆရာလုပ်တာကို လောကကြီးမှာ ဘယ်သူမှ မခံချင်ပါ။ မကြိုက်ကြပါ။ ကျနော်လည်း ကျနော့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်သူ တဦးပါ။ တခြားသူတွေ လည်း ဘယ်ခံချင်ပါ့မလဲလို့ စိတ်ထဲမှာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုးတွေကို ရေးဖို့ တခါတခါ ညီးငွေ့လာတယ်။ အပြောင်အပျက် စာကလေးတွေ ရေးရရင် အပျင်းလည်း ပြေသလို စိတ်မှာလည်း ပေါ့ပါးတာပေါ့။ ဟုတ်တယ်မို့လား။

ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ

Thursday, June 19, 2014
ပင်ဦးလွင်မြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြနေသူ မစုစုနွေးအား တွေ့ရစဉ်

ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရသည်။

ခွင့်ပြုမိန့်မရဘဲ ခြေဥပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်၍ ကချင်ပြည်နယ် ဒီချုပ်ဥက္ကဋ္ဌတရားစွဲခံရ


Thursday, June 19, 2014

မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၄ ရက်၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုမိန့်မရဘဲပြုလုပ်မှုဖြင့် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ဥက္ကဋ္ဌကို ဒေသခံ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက် ကြောင်း သတင်းရရှိသည်။

ဟောပြောပွဲပြုလုပ်ရာတွင် သက်မှတ်ချက်များနှင့်မညီညွတ် ၍ ခွင့်ပြုမိန့်မပေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အ မှတ်(၂) ရဲတပ်ဖွဲ့စခန်းမှူးကပြော သည်။ လူထုဟောပြောပွဲပြုလုပ် ရန် ခွင့်ပြုမိန့်တောင်းခံရာတွင် အနည်းဆုံး ငါးရက်ကြိုတင် တောင်းခံရမည်ဖြစ်သော်လည်း ဒီ ချုပ်ဘက်မှ လေးရက်အလိုမှသာ ခွင့်ပြုမိန့်တောင်းခံခဲ့၍ ခွင့်ပြုမိန့်ပေးရန်ငြင်းဆိုခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း စခန်းမှူးက ရှင်းပြသည်။

မြန်မာဒုက္ခသည်တွေ ဌာနေပြန်ပို့နိုင်ရေး မဲဆောက်မှာဆွေးနွေး

Thursday, June 19, 2014

ထိုင်းနိုင်ငံတွင်းမှာ နှစ်ပေါင်း ၂၀ ကျော် အခြေချနေထိုင်နေတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နေရပ်ရင်းကို ပြန်လို့ ရ - မရ ဆိုတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက တာဝနှ်ရှိသူတွေ အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်တွေက UNHCR စတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်တလျှောက်မှာ နှစ်ရှည်လများ ခိုလှုံခွင့်ပေးထားရတဲ့ မြန်မာဒုက္ခသည်တွေ ကိစ္စကိုလည်း ဆွေးနွေးမှုတွေ လုပ်လာတာပါ။ တာ့ခ်ခရိုင်တွင်းက ဒေသဆိုင်ရာ အာဏာပိုင်တွေ အပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အပါအ၀င် အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ တွေဆုံပြီး ဒုက္ခသည်တွေ ပြန်လို့ရနိုင်မှု ရှိ မရှိ အခြေအနေကို တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဆွေးနွေးဖလှယ်ခဲ့ကြတာပါ။ ကရင်ဒုက္ခသည်ကော်မတီရဲ့ ဒုဥက္ကဌ ဆရာဂျော့ကတော့ ငြိမ်းချမ်းရေးမရရှိသေးဘဲ ဒုက္ခသည်တွေ ပြန်လို့မရဘူးလို့ ပြောဆိုလိုက်ပါတယ်။

ကျွှမ်းကျင်တယ်နော်.....ဘောလုံးကစားတဲ့ ပုံစံလေးက ချစ်စရာလေး

ကျွှမ်းကျင်တယ်နော်.....ဘောလုံးကစားတဲ့ ပုံစံလေးက ချစ်စရာလေး

အစိုးရတပ်နှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများဆက်လက်မဖြစ်ပေါ်ရန် ဆွေးနွေး


Thursday, June 19, 2014

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းဖော် ဆောင်မှုလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ နှစ်ဖက်သဘောတူ ဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့အစည်းအဝေးကို ဇွန်လ ၁၈ ရက်က ပြုလုပ်ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု မရှိစေရေး နှစ်ဖက်တပ်ဖွဲ့များကြား ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေး ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ စည်းပြီးနောက်ပိုင်း အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ သည့်အတွက် အဆိုပါအဖွဲ့က ပိုမိုခိုင်မာ သည့် ယုံကြည့်မှုတည်ဆောက်ရန် ဦးစား ပေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သန္တိသုခအရေး ပွင့်လင်းစွာ မဖြေရှင်းပေးပါက အထက်မြန်မာပြည် သံဃသမဂ္ဂအဖွဲ့ချုပ် ဆန္ဒပြပွဲများ လုပ်ဆောင်မည်


Thursday, June 19, 2014

ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်း သီတင်းသုံးနေသည့် သံဃာများကို ဇွန်လ ၁၀ ရက်နေ့ညက အကြမ်းဖက် ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကာ အမြန်ဆုံး ပွင့်လင်းမြင်သာစွာ မဖြေရှင်းပေးပါက ဆန္ဒဖော်ထုတ်ပွဲများကို အရှိန်အဟုန်မြှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို စာနယ်ဇင်းမီဒီယာများကတစ်ဆင့် ထုတ်ပြန် ကြေညာခြင်း ဖြစ်ပြီး လူဝတ်လဲခံရသည့် သံဃာတော်များ ရုံးထုတ်သည့် အခြေအနေပေါ် မူတည်ကာ ဆန္ဒပြမည့် အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းသမဂ္ဂအဖွဲ့ဝင် ဆရာတော် ဦးသောဘိတ (မဟာဂန္ဓာရုံ) က မိန့်ကြားသည်။

Monday, June 16, 2014

အစိုးရစစ်တပ် ထိုးစစ်ကြောင့် SSPP/SSA ၏ ရှေ့တန်းတပ်စခန်း ဆုတ်ခွာရ

Monday, June 16, 2014
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ စစ်တပ်တို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ ၂ ရက် ကြာ ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် SSPP/SSAက ရှေ့တန်းစခန်းတခုကို ဆုတ်ခွာ ပေးလိုက်ရတယ်လို့ သိရှိရပါတယ်။

မိုင်းရှူးမြို့နယ် အတွင်းက ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ SSPP/SSA ရဲ့ တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ဇွန်လ ၁၁ ရက်နေ့ကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက်ရှေ့တန်းစခန်းကို ဆုတ်ခွာ ပေးလိုက် တာ ဖြစ်တယ်လို့ SSPP/SSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်၏ ရေတပ်အင်အား အရေးတကြီး တိုးချဲ့နေ

Monday, June 16, 2014
တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကြောင့် ဖိလစ်ပိုင် အနေဖြင့် ရေတပ်အင်အားကို တိုးချဲ့ရန် မဖြစ်မနေ ဆုံးဖြတ်ခဲ့ရသလို ယခုအခါ အမေရိကန်နှင့် ပူးပေါင်းပြီး ရေတပ်စခန်း တစ်ခုကို အလျင်အမြန် တည်ဆောက်လျှက် ရှိသည်။

တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ်သာ ရှိခဲ့သည့် ရွာငယ်လေးတစ်ခုသည် ယခုအခါ အမေရိကန် စစ်သင်္ဘောများ ဆိုက်ကပ်ရာ စစ်အခြေစိုက်စခန်း တစ်ခုအဖြစ် သက်ဝင်လာတော့မည် ဖြစ်သည်။

ကမ္ဘာ့ဖလားတွင် ရေဘဝဲလေး ပေါလ်ကို ဆက်ခံမည့် ကုလားအုတ်လေး ရှာဟင်း

Monday, June 16, 2014
(၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘောလုံးပွဲ ရလဒ်များ ကြိုတင်ခန့်မှန်းသည့် ရေဘဝဲလေး ပေါလ်၏ နေရာကို ဆက်ခံမည့်သူအဖြစ် ကုလားအုတ်လေး ရှာဟင်းက တစ်စထက်တစ်စ ထင်ရှားလာခဲ့သည်။

ဒူဘိုင်းမြို့ရှိ သဲကန္တာရထဲတွင် မွေးမြူထားသည့် ကုလားအုတ်လေးမှာ ပေါလ်ကဲ့သို့ပင် ကမ္ဘာ့ဖလား ပွဲစဉ်များကို ရလဒ်မှန်ကန်စွာ ခန့်မှန်းပေးနေသူ ဖြစ်သည်။ ပေါလ်သည် တိရစ္ဆာန် ပုရောဟိတ်လေးအဖြစ် တင်စားခံရဖူးပြီး (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား၌ ဂျာမနီ ကစားသည့် (၇)ပွဲစလုံး အနိုင်အရှုံးရလဒ် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း

Monday, June 16, 2014
မိတ်ဆွေ သူငယ်ချင်းများက စသလိုလို နဲ့ အတည်ပေါက် မေးလာတာ များလို့ ဒီတစ်လော သေချာ စဉ်းစားပြီး သိရှိလာတဲ့ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက် အရ ဥာဏ်ကောင်းစေရန် နည်းလမ်း တစ်ခုတည်းသာ ရှိပါတယ်။ ဘာဆေးမှ သောက်လို့ မရ၊ ဘယ် နတ် သကြားမှ မဖန်ဆင်း၊ မဖန်တီး ပေးနိုင်တာဟာ ဥာဏ်ကောင်ခြင်း ဖြစ်ပါတယ်။ စလေ့လာ ကြည့်ရအောင် -

အာခီးမီးဒစ်စ်

ဘီစီ ၂၁၀ ကျော်တုန်းက ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ ရွှေပျောက်တဲ့အမှု ဖြေရှင်း မရတဲ့ အဆုံး ရေစိမ်ချိုးပါတယ်။ ရေဇလုံထဲ ကိုယ်တစ်ခုလုံး ဝင်လိုက်ချိန် သူ့ခန္ဓာကိုယ်နဲ့ ထုထည် တူညီတဲ့ ရေပမာဏ ထွက်သွားတာကို တစိမ့်စိမ့် ထိုင်တွေးရင်းနဲ့ပဲ Archimedes' principle လို့ခေါ်ကြတဲ့ အီးကွေးရှင်း တစ်ခုကို ဖော်ထုတ် နိုင်ခဲ့ ပါတယ်။

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား


Monday, June 16, 2014

တနင်္သာရီတိုင်းဒေသ ကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖ တောင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဖြစ်သော KNLAတပ် မဟာ(၄)တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ် ရင်း(၁၁)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှကျဆုံး သူမရှိသော်လည်း KNLAဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်ဆဲ

Monday, June 16, 2014
မောင်တောနယ်စပ် ပြဿနာနှင့်ပတ်သက်၍ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း တွေ့ဆုံ ဆွေးနွေး၍ ပြေလည်မှုရပြီဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သော် လည်း နှစ်နိုင်ငံနယ်စပ်တစ် လျှောက်တွင် လုံခြုံရေးတင်းကျပ် ထားဆဲဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘ပြဿနာမကြာခဏဖြစ် ပွားတဲ့ မိုင်တိုင် ၅၀ ကနေ ၅၂ ကြားထဲမှာ လုံခြုံရေးကင်းက တော့ အထူးတင်းကျပ်ထားတယ်။ သူတို့ဘက်ကလည်း လက်နက် တွေ တပ်ဆင်ထားတာတွေ့နေရ သေးတဲ့အပြင် အုန်းကျွန်းနားမှာ လည်း စစ်သင်္ဘောတွေနဲ့ ကင်း လှည့်နေတုန်းပဲ။ မြေပြင်မှာတော့ အမြဲသတိထားနေရတာပေါ့။ ဟို ဘက်ကနေကျူးကျော်ပြီး နောက် တစ်ကြိမ်ဝင်ပစ်တာမျိုးအဖြစ်မခံ တော့ပါဘူး’’ဟု အမှတ်(၁)နယ် ခြားစောင့်ရဲတပ်ရင်းများကွပ်ကဲမှု ဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ချိပ်ပိတ်ထားသော သန္တိသုခကျောင်း သင်တန်းသား ခေါ်ယူကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာ

Monday, June 16, 2014
 င်ငံတော်သံဃမဟာနာယက အဖွဲ့က ချိတ်ပိတ်ထားသော မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြည်ပသာသနာပြု သင်တန်းသား ခေါ်ယူသည့် ကြော်ငြာကို ဇွန်လ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) အဖွဲ့က ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မဟာသန္တိသုခ (စင်ကာပူပီနန်) ကျောင်းတိုက်ကို ချိတ်ပိတ် အရေးယူထားသော်လည်း ပီနန်ဆရာတော်ကြီး၏ လမ်းညွှန်မှုအရ အဆိုပါ ကျောင်းတိုက်တွင် ဖွင့်လှစ်မည့် သာသနာပြု သင်တန်းသားများ ခေါ်ယူခြင်း ကြော်ငြာစာမှာ ဇွန်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိလာခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်စတင်

Monday, June 16, 2014
ဒုတိယအကြိမ်ပြုလုပ် သည့် လူ့အခွင့်အရေး၊ လူ့ဂုဏ် သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် ကို ဇွန်လ ၁၅ ရက်တွင် စတင်ပြု လုပ်နေပြီး ပြိုင်ပွဲဝင်ဇာတ်ကားများကို ၀ဇီရာရုပ်ရှင်ရုံနှင့် Junct-ion Square ရုပ်ရှင်ရုံများတွင် အခမဲ့ ပြသပေးလျက်ရှိသည်။

ပထမဆုံးနေ့ပွဲစဉ်များအ ဖြစ် ၀ဇီရာရုပ်ရှင်ရုံတွင် ပွဲစဉ် ငါး ပွဲနှင့် Junction Square ရုပ် ရှင် ရုံတွင် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအပါအ ၀င် ပွဲစဉ် သုံးပွဲပြသပေးခဲ့ရာ ပွဲ စဉ်တိုင်းလိုလို ပရိသတ်အားပေး မှုများပြားခဲ့ကြောင်း ယင်းပွဲ တော် ဖြစ်မြောက်ရေး တာဝန်ရှိသူ တစ်ဦးကပြောသည်။

Friday, June 13, 2014

၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေ ဒီလကုန် စတင်အကောင် အထည်ဖော်မည်

Friday, June 13, 2014
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေကို အခု လ နောက်ဆုံးပတ်လောက်ကစပြီး အဆင့်ဆင့်စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အိုင်ယာလန်တွင် ကလေးငယ် (၈၀၀) နီးပါးအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုကို တွေ့ရှိ

Friday, June 13, 2014

အိုင်ယာလန် နိုင်ငံရှိ ခရစ်ယာန် သီလရှင်များ အုပ်ချုပ်သည့် အိမ်ထောင်မရှိသော မိခင်များဆိုင်ရာ ဂေဟာနားတွင် ကလေးငယ် (၈၀၀) နီးပါးအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

၁၉၂၅ မှ ၁၉၆၁ ခုနှစ် အတွင်း ၎င်းဂေဟာနားရှိ သင်္ချိုင်းဂူတစ်ခု ထဲတွင် ကလေးငယ် (၇၉၆) ဦးတို့ကို မြှုပ်နှံခဲ့ကြောင်း သေစာရင်း များတွင် ဖော်ပြထားသည်။ ဂယ်ဝေးခရိုင် တူယမ်မြို့ရှိ စိန့်မေရီ အိမ်ထောင် မရှိသော မိခင်များ ဂေဟာနားတွင် ကလေးငယ် များစွာကို မြှုပ်နှံထားကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု သမိုင်းပညာရှင် ကက်သရင်းကော လက်စ်က ပြောဆိုခဲ့သည်။

တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည်မဟုတ်

Friday, June 13, 2014
တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦးအသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အင်ဒိုနီးရှားအမျိုးသမီးတစ်ယောက် တောက်တဲ့တစ်ကောင် မွေးဖွား

Friday, June 13, 2014
ပုံမှာမြင်တွေ့ ရတဲ့ သူနာပြုအမျိုးသမီးဟာ မွေးခန်းထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မွေးဖွားပေးရင်းနဲ့ ကလေးငယ်လေးအစား တောက်တဲ့လေးတစ်ကောင် ထွက်လာတာကို တွေ့ လိုက်ရပါတယ်။

ဒီတောက်တဲ့လေးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားပေးလိုက်သလိုပဲ အကျိအချွဲတွေ၊သွေးတွေ ပေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မျိုးပွားအင်္ဂါကနေ ထွက်လာတာပါ။

"ဒီညတော့နေပါဦးအချစ်ရယ်...ကမ္ဘာ့ဖလားစနေပြီ…"

၄၀ ရာခိုင်နှုန်းသော အမျိုးသားများမှာ ဘောလုံးပွဲကြည့်ရန် မေထုံမှုငြင်းဆန်

Friday, June 13, 2014
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်နေချိန်မှာ ချစ်သူ သို့မဟုတ် ခင်ပွန်းတွေက တီဗွီကိုသာအာရုံစိုက်နေတဲ့ ကာလကို ဗြိတိန်ကတစ်ဝှမ်းက အမျိုးသမီးတွေ ရင်ဆိုင်ရပါတော့မယ်။ ပြီးတော့ အမျိုးသား ငါးဦးအနက် နှစ်ဦးက ဘောလုံးပွဲကြည့်ဖို့အတွက် မေထုံမှုကို ငြင်းပယ်မယ်လို့ဝန်ခံထားတာကြောင့် အမျိုးသမီးတွေနဲ့ သူတို့မျှော်လင့်သလောက် အဖော်ဖြစ်သူရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံရဖို့မရှိပါဘူး။ စစ်တမ်းသစ်တစ်ခုအရ သူတို့ရဲ့အဖော်ဖြစ်သူနဲ့ မေထုံမှုပြုသည့်တိုင်အောင် ၄၂ ရာခိုင်နှုန်းသောအမျိုးသားတွေက ဘောလုံးပွဲ ကောင်းတွေကြည့်ဖို့ ကိစ္စမြန်မြန်ဖြတ်ကြတယ်လို့ ၀န်ခံခဲ့ကြပါတယ်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ နိုင်ငံတကာ အဖွဲ့များနှင့် စစ်ဆေးမည်

Friday, June 13, 2014
သံလွင်မြစ်ကြောင်း တလျှောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို နိုင်ငံ တကာ စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ အစိုးရကလည်း ဒါကို မစစ်ဘူး။ လုပ်မယ့် ကုမ္ပဏီကိုလည်း မစစ်ခိုင်းဘူး။ တရားမျှတမှု ဖြစ်အောင် ကျနော်တို့ တတိယ လူကို စစ်ခိုင်းမယ်။ ဒီအတွက် ပွင့်လင်းမြင်သာအောင် တင်ဒါလည်း ခေါ်မယ်။ အဲဒီအဖွဲ့ စစ်တာကို ကျနော်တို့ လက်ခံသွားမယ်”ဟု ၎င်းက ဆိုသည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောပိတ်ဆို့ကာ သွားလာမှုများ ရပ်ဆိုင်း

Friday, June 13, 2014
ဇွန် ၁၂ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောများပိတ်ဆို့ကာ ရန်ကုန်မြို့တွင်း သွားလာနေသည့် ရုံးဝန်ထမ်းများ၊ ခရီးသွားပြည်သူများလည်း အချိန်အတန်ကြာသည်အထိ သွားလာမှုရပ်ဆိုင်းခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပွားနေသော မုန်တိုင်းကြောင့် မုတ်သုံလေအားကောင်းနေကာ ယင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နောက်လေးရက်အထိလည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

စစ်ကိုင်းမြို့တွင် KNU နှင့် KNU-NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား

Friday, June 13, 2014
စစ်ကိုင်းမြို့တွင် အပစ်အခတ်ရပ်စဲထားသည့် KNU အဖွဲ့နှင့် KNU -NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဆိုပါအဖွဲ့အစည်းနှစ်ခုကို ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် အခြေစိုက်သည့် ယင်းအဖွဲ့အစည်းနှစ်ခုမှ ဗိုလ်မှူးစောကေထူး (KNU) နှင့် NDA ငြိမ်းချမ်းရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးတို့အကြား ယခင်ကဖြစ်ပွားခဲ့သည့် မကျေလည်မှုများအရ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Thursday, June 12, 2014

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ

Thursday, June 12, 2014
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

နေအိမ် ဖယ်ရှားခံရသော ကျူးကျော်များကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချပေးမည်

Thursday, June 12, 2014

နေအိမ်များကို ဖယ်ရှားခံထားရသည့် မြေယာ ကျူးကျော်သူများနှင့် အမှန်တကယ် နေထိုင်ရန် မြေနေရာ မရှိသူများကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဇွန် ၁၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ကျူးကျော်ပြဿနာ ဖြေရှင်းခြင်း အပါအဝင် အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

Wednesday, June 11, 2014

သေမင်းဆိုတာ အမည်းရောင်လား

Wednesday, June 11, 2014
အနောက်နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ လူသားတွေကို ငရဲပြည်ကို ခေါ်မယ့် သေမင်းနဲ့ပတ်သက်ပြီး အမည်းရောင်လို့ လက်ခံထားကြတာ အတော်ကြာပြီထင်ပါတယ်။

အထင်အရှား တွေ့ရတာကတော့ ကမ္ဘာကျော် Ghost ကားမှာ ပါ။ ကောင်းကင်ဘုံအတွက် လာရောက်ခေါ်
ဆောင်သူကို အဖြူရောင် အငွေ့သဏ္ဍန် နတ်တပါး အဖြစ် ဖော်ကျူးထားပြီး ငရဲ ဘုံကို ခေါ်မယ့် သူအတွက် နတ်ဆိုးကို အမည်းရောင် အငွေ့သဏ္ဍန် ဖော်ကျူးထားခဲ့ပါတယ်။

 တောင်ပေါ် ကားလမ်း တခုမှာ ကား မတော်တဆမှု ဖြစ်ရပ်မှာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေရောက်လာတာကို မှတ်တမ်း တင်ထားတဲ့ ဗွီဒီယို ဖိုင်တခု ယူကျုပေါ် တက်လာပါတယ်။

မဟာသန္တိသုခကျောင်းတိုက်အား ရဲများဝင်စီးပြီး ဆရာတော်များကို ပင့်ဆောင်သွား

Wednesday, June 11, 2014

ရန်ကုန်တိုင်း တာမွေမြို့ မဟာသန္တိသုခကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ညတွင် ရဲများက လုံခြုံရေးအင်းအား အလုံးအရင်းဖြင့် နေရာယူ ဝင်ရောက်ပြီး၊ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ပင့်ဆောင်သွားသည်။

ကျောင်းအတွင်းရှိ ဆရာတော်များနှင့် ကိုယ်တော်များကို ရွှေစင်စင်္ကြာကား သုံးစီး အပါအဝင် အခြားမှန်လုံကား ခြောက်စီးဖြင့် တင်ကာ ပင့်ဆောင်သွားခြင်းဖြစ်သည်။ ရှေ့ဆုံး ရွှေစင်စင်္ကြာကား ၆ဃ/၉၃၃၅ ပေါ်တွင် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်များ၊ ကိုယ်တော်များ ပါဝင်ပြီး အခြားကားအချို့တွင်မူ ကျောင်းတိုက်က မဟုတ်သည့် မည်သည့်ကျောင်းတိုက်ကမှန်း မသိသည့် ကိုယ်တော်များ ပါဝင်သည်ဟု ထိုနေရာတွင် ရောက်ရှိသည့် မဇ္ဈိမအယ်ဒီတာက ပြောသည်။

ရခိုင်မူစလင်အရေး ကုလစိုးရိမ်

Wednesday, June 11, 2014

ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာအကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တာ နှစ်နှစ် ရှိပြီဖြစ်ပေမဲ့၊ ထောင်နဲ့ချီ တဲ့ မူဆလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည်ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်အတွင်း အကြမ်းဖက်ပဋိပက္ခ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှာ လူ ၂၀၀ ဝန်းကျင် သေဆုံး ခဲ့ပြီး၊ မူဆလင်အများစုပါဝင်တဲ့ ဒုက္ခသည် တစ်သိန်းလေးသောင်းလောက် နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။

အခုထိ မူဆလင်ဒုက္ခသည်တွေ ဟာ ဘင်္ဂလားပင်လယ်အော်ကနေ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနိးရှားနိုင်ငံ တွေ ဆီ ကို လှေတွေနဲ့ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ လမ်းခရီးမှာအကြောင်းအမျိုးမျိုး နဲ့သေဆုံးခဲ့ရသူ တွေ ရှိကြောင်း၊ ထိုင်းကိုရောက်လာသူ တချို့ဟာ ထိုင်း မလေးရှားနယ်စပ်အနီး၊ လူတွေပြည့်သိပ်နေတဲ့ လူမှောင်ခို စခန်းတွေကို ရောက်သွားကြကြောင်း UNHCR ပြောခွင့်ရသူ အန်ဒရီယန် အက်ဒဝပ် က ပြောပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လက စပြီး အခုထိ လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြသူပေါင်း ရှစ်သောင်းခြောက်ထောင်ကျော် ရှိခဲ့ပြီး၊ ဒီနှစ် ဇန်န၀ါရီလကနေ ဧပြီလအထိမှာတင် ထွက်ပြေးခဲ့ကြသူပေါင်းတစ်သောင်းခွဲလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ လေးရက်ကြာသွားမည်

Wednesday, June 11, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံဝန်ကြီးချုပ် (Mr.Sushil Koirala)၏ ဖိတ်ကြားချက်ဖြင့် နီပေါနိုင်ငံသို့ လေးရက်ကြာ သွားရောက်မည်ဟု အင်န်အယ်လ်ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌရုံး၏ ဆက်သွယ်ရေးအရာရှိ ဦးမိုးဇော်ဦးက အတည်ပြုပြောကြားသည်။

နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာတင်မာအောင်၊ ဦးဖြိုးဇေယျာသော်နှင့် ဦးမိုး ဇော်ဦးတို့ လိုက်ပါသွားမည် ဖြစ်သည်။

Tuesday, June 10, 2014

အမေရိကန်ရောက် ကချင်တိုင်းရင်းသားများ ပြည်နယ်အမတ်တွေနဲ့ တွေ့ဆုံ

Tuesday, June 10, 2014
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်ပွားတဲ့ သုံးနှစ်ပြည့်တဲ့နေ့မှာ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေက သက်ဆိုင်ရာပြည်နယ်တွေ လွှတ်တော်အမတ် ၂၉ ဦးကို အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးအတွက် သတ်မှတ်ထားတဲ့ အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို လွှတ်တော်ကျင်းပတဲ့အခါ ဥပဒေအဖြစ်ပြဌာန်းနိုင်အောင် ထောက်ခံပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်း အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားအဖွဲ့တွေအားလုံးကို ပေါင်းစည်းထားတဲ့ ကချင်မဟာမိတ်အဖွဲ့ ပြောခွင့်ရသူ ခွန်ဆွမ်က ပြောပြပါတယ်။

PR စနစ် ကျင့်သုံးမှု မပြုရန် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်အချို့ ကန့်ကွက်

Tuesday, June 10, 2014

နောင်လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အဆိုကို အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် သုံးဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် အများစုက ကန့်ကွက်သည့် သဘောဖြင့် ဆွေးနွေးခဲ့သည်။

အဆိုပါစနစ်ကို ကျင့်သုံးနိုင်ရေး လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇွန် ၉ ရက်နေ့တွင် လွှတ်တော်တွင် စတင် ဆွေးနွေးခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့များ တွေ့မည်

Tuesday, June 10, 2014

ဒေါ်ဆောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ကန့်ကွက်စာ ထုတ်ပြန်ထားသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဇွန်လ ဒုတိယပတ်အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ မျိုးစောင့် ဥပဒေကို ကန့်ကွက်ထားသည့် အဖွဲ့အစည်းတစ်ခုမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သင်းသင်းအောင်က ပြောကြားသည်။

အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရာတွင် လူ့အခွင့်အရေး မထိခိုက်ရေး အဓိကထား ဆွေးနွေးရန် ဇွန်လ ၁၁ ရက်နေ့၌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ထားပါတယ်၊ ထုတ်ပြန်ထားတဲ့အတိုင်း ဆွေးနွေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

MH370အကြောင်း သတင်းပေးနိုင်သူကို ကန်ဒေါ်လာ(၅)သန်းထိ ဆုငွေပေးအပ်မည်ဟုဆို

Tuesday, June 10, 2014
အကြောင်းရင်း မသိရဘဲ ထူးဆန်းစွာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူများကို ဆုငွေဒေါ်လာ (၅)သန်းအထိ ချီးမြှင့်နိုင်ရန် လေယာဉ်ပေါ် ပါသွားသူတို့၏ ကျန်ရစ်သူ မိသားစုများက ကြိုးပမ်းနေကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် လွန်ခဲ့သော (၃)လကျော်က လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ပျံသန်းရင်း အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ကချင်စစ်ပွဲ သုံးနှစ်ပြည့် စစ်ရှောင်ဒုက္ခသည်များ အပါအဝင် အထိမ်းအမှတ် ဆုတောင်းပွဲလုပ်

Tuesday, June 10, 2014
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့ စစ်ပွဲများ ပြန်လည်ဖြစ်ပွားမှု သုံးနှစ်မြောက်သည့် ဇွန်လ ၉ ရက်တွင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့ရှိ ကချင်လူထုနှင့် စစ်ရှောင်ဒုက္ခသည်များ အထိမ်းအမှတ် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ဆုတောင်းခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ရုံးမှ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မနောကွင်းထိ လူ ၅၀၀၀ ခန့် ငြိမ်သက်စွာ လမ်းလျှောက် ချီတက်ခဲ့ကြပြီးနောက် နောင်နန်းကျေးရွာရှိ ကချင်ဓမ္မကောလိပ် (KTC) သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကာ ငြိမ်းချမ်းရေးအတွက် အစားရှောင် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြကြောင်း ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

Google, Facebook တို့ကို တရုတ်က အပြစ်ပေးချင်နေပါတယ်

Monday, June 09, 2014
Google, Facebook နဲ့ တခြားသော အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဟာ တရုတ်နိုင်ငံအပေါ် သူလျှိုလုပ်ရာမှာ ပါဝင်နေတယ်လို့ တရုတ်အစိုးရမီဒီယာက ဗုဒ္ဓဟူးနေ့မှာ ရေးသား ကန့်ကွက်လိုက်ပါတယ်။

Yahoo, Cisco Systems, Microsoft, Facebook တို့လို အမေရိကန် ကုမ္ပဏီတွေက တရုတ်နိုင်ငံရဲ့ ဆိုင်ဘာလုံခြုံရေး၊ အင်တာနက်သုံးသူတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ People’s Daily ရဲ့ ဘလော့ စာမျက်နှာမှာ ရေးထားတာပါ။ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်မှာ China State Media Calls for ‘Severe Punishment’ for US Tech Firms ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။ http://www.irrawaddy.org/asia/china-state-media-calls-severe-punishment-us-tech-firms.html မှာ ဖတ်နိုင်ပါပြီ။ အမေရိကန် ကုမ္ပဏီတွေက ဖောက်ထွင်းခိုးယူတယ် လို့ သူတို့ ဘာကြောင့်ယူဆနေရသလဲ။ ဘာတွေ ခိုးသွားသလဲ။ ဒါကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒါပေမယ့် တရုတ်မီဒီယာကတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဟာ အမေရိကန်အစိုးရရဲ့ အွန်လိုင်းထောက်လှမ်းရေးလုပ်ငန်းတွေကို ကူညီနေတယ် ဆိုပြီး အကြိမ်ကြိမ် အော်ချက်ထုတ်နေပါတယ်။

YMBA က တာဝန်ရှိသူအချို့ အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတထံ တိုင်ကြား

Monday, June 09, 2014

ဗုဒ္ဓဘာသာ ကလျာနယုဝ အသင်းချုပ်ကြီး (YMBA) ၏ တာဝန်ရှိအချို့ ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများကို ဇွန်လ ၆ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါအသင်းက အမှုဆောင်များနှင့် အဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။

ဇွန်လ ၈ ရက်နေ့က စံတော်ချိန် သတင်းစာတိုက်တွင် YMBA အသင်း၏ အလုပ်အမှုဆောင် အချို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် YMBA အသင်းကြီး၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အပါအဝင် လူတစ်စုက အသင်းပိုင် ငွေများဖြင့် မော်တော်ယာဉ်၊ ဖုန်းကို အသင်းငွေဖြင့် ဝယ်ယူခြင်း၊ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲက ရရှိသော ရမှတ်စာရင်းများကို ပြင်ဆင်ခြင်း၊ အထွေထွေသုံးစွဲမှုများကို ငွေပို သုံးစွဲထားခြင်းတို့ကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း အဆိုပါအသင်းက အမှုဆောင်များနှင့် အဖွဲ့ဝင်များထံမှ သိရသည်။

Monday, June 09, 2014

လျော်ကြေးမယူသည့် တောင်သူ ၁၇ ဦး ရဲတပ်ရင်း ခြံစည်းရိုးခတ်သည်ကို တားမြစ်

Monday, June 09, 2014

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာ အနီးတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ရဲတပ်ရင်း (၂၈) က ဇွန်လ ၈ ရက် နေ့တွင် ခြံစည်းရိုး ခတ်သည်ကို လျော်ကြေး ယူထားခြင်း မရှိသည့် ထန်းတက် တောင်သူ ၁၇ ဦးက တားမြစ်ခဲ့ကြောင်း အုံတုံပင်ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ထန်းပင်လျော်ကြေး ယူမထားတဲ့ ထန်းတက်တောင်သူ ၁၇ ဦး ရှိတယ်။ ကျွန်တော်တို့က ထန်းတက်တဲ့ အလုပ်ပဲ လုပ်ကိုင်တတ်တော့ ဒီအလုပ်မှ မလုပ်ရရင် တခြားအလုပ်လည်း လုပ်စရာ မရှိဘူး။ လျော်ကြေးကို မလိုချင်တဲ့အတွက် ခြံစည်းရိုးခတ်တာကို လာတားတာပါ” ဟု အုံတုံပင်ကျေးရွာ ထန်းတက်တောင်သူ တစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် အပူချိန် မြင့်တက်၍ တစ်ရက်အတွင်း လူသုံးဦးသေဆုံး

Monday, June 09, 2014
ဒေသအချို့တွင် မိုးရွာနေသော်လည်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် အပူချိန် မြင့်တက်နေဆဲဖြစ်ရာ မန္တလေး မြို့တော်တွင် နေ့အပူချိန် မြင့်တက်လာမှုကြောင့် ဇွန်လ ၅ ရက်နေ့ တစ်ရက်အတွင်း လူသုံးဦးသေဆုံးပြီး ယခုလဆန်းပိုင်းအတွင်း လူ ၁၇ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသလျက် ရှိကြောင်း အဆိုပါဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

မန္တလေးဆေးရုံကြီးသို့ ဧပြီလမှ စတင်ကာ အပူလျှပ်လူနာများ စတင်ရောက် ရှိခဲ့ခြင်းဖြစ်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် အပူကြောင့် သေဆုံးနေသည့် အမျိုးသား သုံးဦးအလောင်း ရောက်ရှိလာကာ အမျိုးသား ကိုးဦး၊ အမျိုးသမီးတစ်ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ သေဆုံးသူများမှာ ပိုင်ရှင်မဲ့နှစ်ဦးနှင့် ကျန်တစ်ဦးမှာ အခြေခံ အလုပ်ကြမ်း လုပ်ကိုင်သူ ဖြစ်ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။